http://www.yeyintnge.com/2011/05/nld_2302.html(ပေးပို့ သူ eimmet mahotpar )
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်မြောက်ပြီး (၆)လ ကျော်အကြာမှာ
စီစဉ်ကျင်းပသွားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ (၂၁)နှစ်ပြည့်အခမ်းအနားက ဒေါ်စုနဲ့ဦးတင်ဦးတို့ ရဲ့ 
ဟောပြောမှုတွေကို VOA၊ BBC တို့ မှတဆင့် နားထောင်လိုက်ရပါတယ်။အထူးသဖြင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းသွားတဲ့ စကားလုံးတွေဟာ ဒေါ်စုလွတ်လာပြီးနောက် အုပ်ချုပ်သူအစိုးရကို အမာထန်ဆုံးဝေဖန်လိုက်တာဘဲလို
့ မြင်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို “ပျော့သွားပြီ”လို့  ၀ိုင်းဝန်းသုံးသပ်နေကြတာတွေခေတ္တတုန့် ဆိုင်းသွားကြတော့မယ့်ပုံပါဘဲ။
“ကြောက်လို့ မလုပ်တော့ဘူး ဆိုရင် အထဲမှာ ခံခဲ့ရတဲ့နှစ်တွေက အလကားဖြစ်သွားမှာပေါ့။
ဘာပဲပြောပြော ကိုယ်ခံခဲ့ရတာတွေက ကိုယ့်တိုင်း ပြည်အတွက်ခံရကျိုးနပ်အောင်လုပ်ပါ” လို့  ဒေါ်စု
ပြောလိုက်တာဟာ ဟိုးတုန်းကဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တွေ့ရှိလိုက်ရသလို ခံစားရပါတယ်။
(၄၄)နှစ်သူ ဒေါ်စုကို ရိုးတိုးရိတ်တိတ် တွေ့ လိုက်ရသလိုပါဘဲ။ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေယူလေသိမ်း
ဟာ တစုံတရာကိုစိတ်မရှည်တော့ဟန် ရှိပုံရပါတယ်။
ဦးတင်ဦးလည်း အခုအုပ်ချုပ်နေတဲ့သမ္မတကို “ခင်ဗျား..”လို့ သုံးနှုန်းပြောဆိုသွားတာ ကြားရပြီး
ထောင်ထဲကနိုင်ငံရေးအကျဉ်းသားတွေ လုံဝဥသုံလွတ်မြောက်ရေးအတွက် ပြတ်ပြတ်သားသား
တိုက်တွန်းသွားတာ နားထောင်ရသိပ်ကောင်းပါတယ်။ ၉၀ ရွေးကောက်ပွဲရလဒ်ဘက်က ယနေ့ ထိ ခုခံ
ကာကွယ်ပြောဆိုသွားတာ ကြက်သီးထမိပါတယ်။
၉၀ ရွေးကောက်ပွဲတုန်းက NLD ကို မဲပေးခဲ့တဲ့
သာမန်ပြည်သူတစ်ယောက်ဖြစ်တဲ့ကျွန်တော်တို့ လည်း
ကိုယ် မဲပေးခဲ့တဲ့ပါတီခမျာ ရေရေလည်လည်နိုင်ခဲ့လျက်သားနဲ့  တိုင်းပြည်ကို
အုပ်ချုပ်ခွင့်မရခဲ့တာနဲ့ 
ပတ်သက်ပြီး ခုထိ တနုံ့ နုံ့ ခံစားနေရတာမို့  ဒေါ်အောင်ဆန်းစုကြည်နဲ
့ဦးတင်ဦးတို့ ရဲ့  နာကျင်ဒေါသကို
မျှဝေခံစားမိပါတယ်။ “သေသောသူ ကြာရင်မေ့”ဆိုပေမယ့်လည်း
ရှင်သန်နေကြတုန်းမို့  မေ့ပစ်လိုက်ဖို့ 
အချိန်မတန်သေးပါဘူး။ မျှတကောင်းမွန်တဲ့သမိုင်းထက် မမျှတ၊
မလှပတဲ့သမိုင်းကို လူသားတွေဟာ
ပိုမိုစွဲလမ်းတတ်ကြပါတယ်။ ပြတ်ပြတ်ထင်ထင် ပိုရှိတတ်ပါတယ်။
ဆယ်စုနှစ် (၂)ခုတော့ ကျော်လွန်ခဲ့ပါပြီ။
အောင်မျိုးထွန်း
၂၇- ၅- ၂၀၁၁Rest of your post
No comments:
Post a Comment