http://www.voanews.com/burmese/news/china-global-fund-122478869.html (ပေးပို့ သူ eimmet mahotpar )
တရုတ်နိုင်ငံမှာ AIDS၊ တီဘီ အဆုတ်ရောဂါနဲ့ ငှက်ဖျားရောဂါတိုက်ဖျက်ရေးတွေအတွက် Global Fund အဖွဲ့က
ထောက်ပံ့ငွေ ဒေါ်လာ သန်းနဲ့ချီ ပေးနေတာကို ရပ်ဆိုင်းလိုက်ပါတယ်။
ထောက်ပံ့ငွေတွေကို တဆင့်ခံ ပြန်ခွဲဝေပေးတဲ့ တရုတ်အာဏာပိုင်တွေရဲ့
စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အထောက်အထားတွေတွေ့ရှိတဲ့အတွက် အခုလို အကူအညီ ပေးနေတာကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့
အဖွဲ့က ပြောပါတယ်။
ငွေတွေကို ဘယ်လိုခွဲဝေပေးမယ်ဆိုတာ သဘောတူထားချက်ကို တရုတ်
တာဝန်ရှိသူတွေဘက်က ဖောက်ဖျက်ခဲ့တဲ့အတွက်
အထောက်အပံ့တွေကို ဒီလဆန်းပိုင်းထဲက ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အခြေစိုက် Global
Fund အဖွဲ့ ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။
တရုတ်အစိုးရနဲ့ သဘောတူထားချက်အရ Global Fund ကပေးတဲ့ ထောက်ပံ့ငွေ ၃၅% ကို
တရုတ်နိုင်ငံထဲက
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရပ်သား အဖွဲ့တွေအတွက် သုံးစွဲရမယ်ဆိုတာ
ပါတယ်လို့ ပြောခွင့်ရသူ မစ္စတာ အန်ဒရူး
ဟာ့စ်တ် (Mr. Andrew Hurst) က ပြောပါတယ်။ ဒါပေမဲ့ တရုတ် တာဝန်ရှိသူတွေက
လက်တွေ့မှာ မလိုက်နာဘူးလို့
ဆိုပါတယ်။
နောင်မှာ နောက်ဆုံးသတ်မှတ်ရက်တွေနဲ့အညီ ထောက်ပံ့ငွေတွေကို တဆင့်ခံ
ခွဲဝေပေးဖို့ တရုတ်နိုင်ငံရဲ့ ကူးစက်ရောဂါ
ထိန်းချုပ်ရေးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သဘောတူခဲ့တာကိုတော့ သူက
တိုးတက်မှုအဖြစ် ပြောပါတယ်။
တရုတ်နိုင်ငံမှာ ရောဂါ ၃ မျိုး ကာကွယ်ရေးအတွက် ၂၀၀၃ ခုနှစ်ကတည်းက ဒေါ်လာ
သန်းပေါင်း ၅၀၀ ကျော်ကို Global
Fund က ပေးခဲ့တယ်လို့ မစ္စတာ ဟာ့စ်တ်က ပြောပါတယ်။ ဒီနှစ်ထဲမှာကို
ပေးထားတဲ့ ထောက်ပံ့ငွေက ဒေါ်လာ ၁၁၂ သန်း
ရှိပါပြီ။ လိုအပ်ချက်တွေနဲ့ ပြည့်မီတာနဲ့ တရုတ်နိုင်ငံကို ပြန်ပြီး
အထောက်အပံ့တွေ ပေးမယ်လို့ Global Fund က
ပြောပါတယ်။Rest of your post
No comments:
Post a Comment