Sender -eimmet mahotpar 18/05/11
သိန်းစိန်က လွတ်ငြမ်းချမ်းသာခွင့်ကြေငြာတယ်
ဆဲသူတွေဆဲကြ လှောင်သူတွေလှောင်ကြတယ်
သေချာစဉ်းစားကြည့်ရအောင်
နအဖ (နွားအဖွဲ့) လက်ထက်မှာ သိန်းစိန်က
လာဘ်စားမှု အနည်းဆုံး အရိုးဆုံး အ အဆုံး အအေးဆုံး
ကြိုးဆွဲခံ ရုပ်သေးရုပ် ပုံစံမျိုး နေခဲ့တယ်
သူ့ကို သမ္မတပေးတော့လည်း နေပုံက ကုပ်ကုပ်လေး
စကား စပြောတော့လည်း သန့်ရှင်းတဲ့အစိုးရ ကောင်းမွန်တဲ့အစိုးရ
ပျော့ပြောင်းတဲ့ပုံစံပြောခဲ့တယ်
ခု လွတ်ငြမ်းချမ်းသာခွင့်ကြေငြာတယ်
ခေါင်းစဉ်မှာသာ လွတ် ငြိမ်း ချမ်းသာ
အပြောနဲ့ အလုပ်မညီတဲ့ လွတ် ငြိမ်း ချမ်းသာ ဖြစ်နေတယ်
ဒါက ဘာအတွေးကို ဖြစ်စေလဲ
ခပ်ကြမ်းကြမ်းကိုင်ချင်တဲ့ ဘောင်းဘီဝတ် ဘောင်းဘီချွတ်
အာဏာရူးတွေကို မလွန်ဆန်ရဲ့ဘူး
နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူ ရှိကိုရှိနေပြီ
သန်းရွှေလား မောင်အေးလား ရွှေမန်းလား ရှစ်လုံးလား
မင်းအောင်လှိုင်လား အဲဒီ လားတွေကို ဖြစ်စေတယ်
အဲဒါ အပြင် အဲဒီ လွတ်ငြမ်းချမ်းသာခွင့်မှာ ခင်ညွန့် အတွက်
မပါဘူးတဲ့
ထပ်စဉ်းစားမယ်နော်
ဒီလိုပြောတာဟာ ခင်ညွန့်ကို နှိပ်ကွပ်တာလား
မြုပ်နေတဲ့ခင်ညွန့်ကို ပေါ်ပြူလာဖြစ်အောင်
လူတွေ ပြန်သတိရအောင်
နိုင်ငံရေး အခင်းအကျင်းတစ်ခု အစပြုလိုက်တာလား
ဒီအချိန်မှာ ခင်ညွန့်ကို အပြင်ကို ဆွဲထုတ်လိုက်ရင်
ဖော်ကောင်လုပ်မှာ သေချာတယ်
ခင်ညွန့်ရဲ့ လှမ်းအဖွဲ့ လက်တံခြေတံ တွေလည်း ရှိနိုင်သေးတယ်
လူပါးလေးသိန်းစိန်က ခင်ညွန့်ကို တဖက်လှည့်နည်းနဲ့
ငြိမ်းချမ်းရေး ကြိုယူလိုက်တဲ့သဘောပဲ
ယုံချင်ယုံ မယုံချင်နေRest of your post
No comments:
Post a Comment