Pages

Monday, May 09, 2011

အေးရှားဝေါလ် ပရောဂျက်ကြောင့် လူနေရပ်ကွက်များ ရေကြီး

May 7, 2011(ပေးပို့ သူ-ဗမာ့သွေး)
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့ နယ် ဟုမ်းလမ်းမှတ်တိုင်အနီးတွင် အေးရှားဝေါလ်ကုမ္ပဏီက ဆိပ်ခံတံတားဆောက်လုပ်နေပါသည်။ကြည့်မြင့်တိုင်မြို့နယ် ထီးတန်းရပ်ကွက်၊ ဆေး/ငြိမ်းရပ်
ကွက်များမှ ရေဆိုးများ ရန်ကုန်မြစ်တွင်းသို့ စီးဆင်းသည့် မြောင်းကြီးမှာ ယင်းပရောဂျက်ကြောင့် ပိတ်ဆို့သွားပါသည်။

ယခင်နှစ်များက မိုးရေချိန်အလွန်အမင်း များပြားချိန်နှင့် ထူးကဲဒီရေတက်ချိန်များမှအပ ကျနော်တို့ရပ် ကွက်များအတွင်း ရေလျှံခြင်းမရှိပါ။ ယခုနှစ်တွင် ရေဆင်းမြောင်း ပိတ်ဆို့နေသဖြင့် မိုးရွာသွန်းချိန်တိုင်း
လူနေရပ်ကွက်များအတွင်းသို့ ရေဆိုးများ ဝင်ရောက်လာပြီး နေအိမ်အများအပြား ရေလျှံနစ်မြုတ်သလို ရပ်ကွက်တွင်းနေထိုင်သူများ သွားလာရာတွင် အခက်အခဲများကြုံတွေ့နေရပါသည်။ ရေများမှာ ရေဆိုး
များဖြစ်၍ ခြင်များလည်း ပေါလာပါသည်။

သို့ဖြစ်၍ ရပ်ကွက်သူ ရပ်ကွက်သားများ၏ အခက်အခဲကို မီဒီယာများ၊ သတင်းဌာနများမှ တဆင့် အများသိစေရန် ဖော်ထုတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။

ယနေ့ မနက်ပိုင်းက မိုးရွာသွန်းချိန် အနေအထား၊ အေးရှားဝေါလ်ပရောဂျက်က ပိတ်ဆို့ထားသည့်
ရေဆင်းမြောင်းပုံများကို ပေးပို့လိုက်ပါသည်။Rest of your post

No comments:

Post a Comment