Pages

Saturday, May 21, 2011

ညောင်ရွှေ ၌ မြေသိမ်းမှုဖြစ်

ဧရာဝတီ Friday, 20 May 2011 11:40 သတင်းတိုများ(ပေးပို့ သူ-ဗမာ့သွေး)
ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ ခေါင်တိုင်ရွာသား ၅၀ ခန့်ထံမှ ဟိုပင် ဟိုတယ်က၂၀၀၇ ခုနှစ်တွင် ကိုင်းခြံမြေဧက ၁၈ ဧက ခန့်ကို သိမ်းဆည်းခဲ့ရာ ထိုကိုင်းမြေများ၌ ပြန်လည် စိုက်ပျိုးခွင့်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံ တိုင်ကြားထား ကြောင်း သိရသည်။ ခေါင်တိုင်ရွာသား ၁၄ ဦး လက်မှတ်ထိုးကာ ယခုလ ၁၇ ရက်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ တိုင်ခဲ့ခြင်းဖြစ်သည်ဟု ယင်းအမှုအား လိုက်လံ ဆောင်ရွက်ပေးနေသူ ကိုချစ်ဦးမောင် ဆိုသူက ပြောသည်။ ထိုတိုင်ကြားစာကို ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်နယ် ၀န်ကြီးချုပ်၊ အင်း တိုင်းရင်းသားရေးရာ ၀န်ကြီး၊ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO) စသည်တို့ အပြင် စုစုပေါင်း ၁၈ ဌာသို့ မိတ္တူ ပေးပို့ထားသည်ဟု သိရှိရသည်။ Rest of your post

No comments:

Post a Comment