Pages

Saturday, May 14, 2011

ခုတမျိုး တော်ကြာတမျိုး

ရော့စ်ဒန်ကလေအမှု တရားလို အမှုရုပ်သိမ်း(ပေးပို့ သူ-ဗမာ့သွေး)
မျိုးသိဏ်း | ကြာသပတေးနေ့၊ မေလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၁ မိနစ်
ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာတိုင်းမ် စီအီးအိုဟောင်း သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေအမှုကို ကမာရွတ်မြို့နယ် တရားရုံးတွင် ကြာသပတေးနေ့နံနက်က ထပ်မံစစ်ဆေးခဲ့ရာ တရားလိုဖြစ်သူ မခိုင်ဇာလင်းက အမှုကိုရုပ်သိမ်းလိုကြောင်း တရားရုံးသို့ ဒုတိယအကြိမ် ထပ်မံလျှောက်ထားခဲ့သည်။

အဖြစ်အပျက်ကို တိတိကျကျမမှတ်မိဘဲ ဒေါသအလျောက် စွဲဆိုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေး မကောင်းဟူသော အကြောင်းပြချက်ဖြင့် အမှုရုပ်သိမ်းရန် လျှောက်ထားရခြင်းဖြစ်ကြောင်း မခိုင်ဇာလင်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။dankelay2s

တဦးတယောက်၏ ခြိမ်းခြောက်ခြင်း၊ တိုက်တွန်းခြင်းများမပါဘဲ

ကမာရွတ်မြို့နယ် တရားရုံးအတွင်းမှ ပြန်ထွက်လာသည့် မစ္စတာ ရော့စ်ဒန်ကလေ (ဓါတ်ပုံ မဇ္ဈိမ)
ကိုယ်ပိုင်ဆန္ဒအရ ရုပ်သိမ်းခြင်း ဖြစ်ကြောင်း မခိုင်ဇာလင်းက ဝန်ခံထွက်ဆိုပြီးနောက် ကမာရွတ်မြို့နယ် တရားသူကြီးက အမှု ရုပ်သိမ်းခွင့် လျှောက်လွှာကို လက်ခံခဲ့သည်။

အမှုရုပ်သိမ်းလိုကြောင်း လျှောက်လွှာတွင် ကမာရွတ်မြို့နယ် ရဲစခန်းတွင်ကတည်းက အမှုကို တိုင်ကြားခြင်းသာဖြစ်ပြီး အမှုဖွင့်လိုခြင်းမရှိဟု လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရားရုံးသို့ရောက်ရှိစဉ် ကလည်း အမှုရုပ်သိမ်းပေးရန် ပထမအကြိမ်လျှောက်ထားခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

တရားခွင်အတွင်း မစ္စတာရော့စ်ဒန်ကလေ၏ ရှေ့နေတဦးဖြစ်သော ဦးအောင်သန်းစိုး၏ ပြန်လှန်မေးခွန်းတရပ်တွင် အခင်းဖြစ်သည့်နေ့က မစ္စတာရော့စ်ဒန်ကလေ၏ အိမ်သို့အသွား ကားပေါ်တွင် မြူးတူးခုန်ပေါက်ခဲ့၍ ကားအမိုး၊ နံရံများနှင့် ထိခိုက်မိခြင်းများ၊ အိမ်သို့ရောက်ပြီး နောက်ဆက်တွဲ အဖြစ်အပျက်များကို မခိုင်ဇာလင်းအနေဖြင့် အမူးလွန်နေ၍ မမှတ်မိသည်မှာ မှန်ကန်ပါသလားဟု မေးမြန်းရာ သူကမမှတ်မိကြောင်း ထွက်ဆိုသွားသည်။

တရားခွင်သို့ မြန်မာတိုင်းမ်စ် စီအီးအိုအသစ် ဒေါက်တာတင်ထွန်းဦး၊ မြန်မာတိုင်းမ် ဝန်ထမ်းများနှင့်၊ သြစတြေးလျ သံရုံးမှ ကောင်စစ်အရာရှိ၊ ပြည်တွင်းပြည်ပ သတင်းစာဆရာများ တက်ရောက်ခဲ့သည်။ အမှုကို မေလ ၂၄ ရက်တွင် ဆက်လက် စစ်ဆေးမည်ဟု ချိန်းဆိုသတ်မှတ်ခဲ့သည်။။Rest of your post

No comments:

Post a Comment