Pages

Thursday, May 19, 2011

ရန်ကုန်အစိုးရ မီဒီယာနှင့် ပုံမှန် မတွေ့တော့

(ပေးပို့ သူ eimmet mahotpar )http://www.mizzimaburmese.com/news/breaking-newsbrief/7570-2011-05-18-09-08-02.htmlရန်ကုန် (မဇ္ဈိမ) ။ ။ အပတ်စဉ် အင်္ဂါနေ့တိုင်း တွေ့မည်ဟု
ရန်ကုန်တိုင်းအစိုးရက မီဒီယာများကို မေလ ၁ဝ ရက်နေ့ သတင်းစာ
ရှင်းလင်းပွဲတွင် ပြောခဲ့သော်လည်း ထိုသို့သော အခြေအနေ
မပေးနိုင်တော့ကြောင်း အင်္ဂါနေ့ ဒုတိယတွေ့ဆုံပွဲတွင်မူ ပြောဆိုသည်။

“ လာမယ့်အပတ် တွေ့ဆုံခြင်းကို ရွှေ့ဆိုင်းပါတယ်။ အချိန်အခါသင့်တဲ့အခါ
အကြောင်းတိုက်ဆိုင်ရင် တွေ့ဆုံခြင်းကို
ပြန်လုပ်ပါမယ်။ အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး မေးမြန်းချင်ရင်
ကျနော့်ရုံးကို စာနဲ့ ပေးပို့ထားလို့ ရပါတယ်။ အခါအားလျော်စွာ မေးလာတဲ့
မေးခွန်းတွေကို ဆွေးနွေးဖို့ အစီအစဉ်တွေ လုပ်ပါမယ်။ ထူးထူးခြားခြား
အစီအစဉ်တွေရှိရင် ဖိတ်ခေါ်သွားပါမယ်'' ဟု ဝန်ကြီးဌာန ၆ ခုကို ကိုင်သော
ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးက ပြောဆိုခဲ့သည်။

အစိုးရသတင်းယူမည့် သတင်းထောက်များ၏ လက်ကိုင်ဖုန်း၊ အသံဖမ်းစက်နှင့်
ကင်မရာများအား သက်ဆိုင်ရာ ဂျာနယ်တိုက် အယ်ဒီတာများ၏ ခွင့်ပြုသည့်
ထောက်ခံချက် ပါရမည်ဖြစ်ကာ၊ ထိုမှတဆင့် စာပေစိစစ်ရေးနှင့်
စာပေစာနယ်ဇင်းသို့ အမျိုးအစား စာရင်းသွင်းထားရမည်။

“ဥပမာ ဘယ်အခမ်းအနားကို မောင်ဘယ်သူ တက်ရောက်တယ်။ ခင်ဗျားကိုင်ဆောင်တဲ့
ဟန်းဖုန်းက ဘာ၊ ကင်မရာက ဘာ၊ အသံဖမ်းစက်က ဘာဆိုတာ သက်ဆိုင်ရာ ထောက်ခံတဲ့
တံဆိပ်နဲ့ စာပေစိစစ်ရေး စာနယ်ဇင်းအဖွဲ့တွေက ဒါကို ကြပ်မတ်ထိန်းသိမ်းဖို့
ဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ဆိုသည်။Rest of your post

No comments:

Post a Comment