http://phopa-dwm.blogspot.com/2011/05/blog-post_6922.html(ပေးပို့ သူ eimmet mahotpar )
ယနေ့ မြန်မာ့နိုင်ငံရေး ရေစီးသည် မိုးဦးကျ တောင်ကျရေပမာ
ညစ်ထေးနောက်ကျူမှုများနှင့် အရှိန် အဟုန်ပြင်းစွာ စီးဆင်းလျှက်ရှိသည်၊
ထိုသို့ စီးဆင်းမှုနှင့်အတူ မှော်ဒိုက်သရော၊ မှိုက်အညစ်အကြေး များနှင့်
အပုပ်ကောင် များလည်း စီးဆင်းမှု အဟုန်နှင့်အတူ လိုက်ပါနေခဲ့သည်ကို
မြန်မာနိုင်ငံသားများ ထင်ရှားစွာ သိမြင်ကြပြီး ဖြစ်ပါလိမ့်မည်။
ယနေ့နိုင်ငံရေး အခြေအနေသည် ရှုပ်ထွေးပွေလီမှုများ တဘွားဘွား
ပေါ်ထွက်လာနေပြီး စစ်အုပ်စု ဘက်မှလည်း နည်းပေါင်းစုံဖြင့်
အာဏာတည်မြဲရေးအတွက် မနေမနား စိုင်းပြင်းလုပ်ဆောင်လျှက် ရှိနေသည်။ စစ်အာဏာ
ရှင်များနှင့် အတိုက်အခံအင်စုများ၏ အားနည်းချက် အားသာချက်များကို ရှာဖွေ
နှိုက်ချွတ်ပြီး သဘောပေါက် နားလည်ထားရန် ဦးစွာ လိုအပ်ပေသည်။
ထိုအချိန်တွင် ဝိဝါဒကွဲပြားမှု များကြောင့် အတိုက်အခံအင်အားစု များသည်
ဝေဝါးလျှက်ရှိပြီး အလုပ်မတွင်မကျယ် ဖြစ်နေပေသည်။
သိန်းစိန်အစိုးရ ချွေးသိပ်တပ်သည် အာဏာတည်မြဲရေးအတွက် နိုင်ငံတကာသို့
ခြေဆန့်လျှက်ရှိသည်။ ထိုခြေဆန့်မှု များမှာ ဒီမိုကရေစီအရေးအတွက်မဟုတ်
အာဏာတည်မြဲရေးအတွက်သာဖြစ်သည်ကို ပြတ်သားစွာ သဘောပေါက်ရ ပေမည်။
သိန်းစိန်သည် ဟန်ပြ အစိုးရအဖွဲ့တွင်း၌သာ အချိန်ကုန်နေ သည်မဟုတ်၊
စစ်တပ်အတွင်း၌ အာဏာတည်မြဲရေး လုပ်ငန်းဆောင်တာများကို လုပ်ကိုင်လျှက်
ရှိသေးသည်၊ ထို့ပြင် စစ်ဘီလူးသန်ရွှေမှာ စစ်တွင်းအတွင်း၌သာ
လှုပ်ရှားနေသည်မဟုတ်ပဲ ဟန်ပြအစိုးရသစ် အဖွဲ့ကိုလည်း ကန့်လန့်ကာနောက်မှ
ကြိုးကိုင် ကာ နည်းပေးလမ်းပြလုပ်လျှက်ရှိသည်။
ထို့သို့ ညစ်နည်းပတ်နည်း၊ ကောက်နည်းကျစ်နည်းစသည်ဖြင့်
အောက်တန်းကျသည့် နည်းလမ်းမျိုးကို သုံးစွဲလှုပ်ရှားလျှက်ရှိရာ
သူ့လူကိုယ့်ဘက်သား အောက်တန်းစားနည်းကို လည်း အသုံးပြုလျှက်ရှိသည်မှာ
ထင်ရှားလွန်းလှသည်။ ယနေ့ ပြည်ပတွင် ဆန်ရှင် ရုတ်သိမ်းရေး
လှုပ်ရှားနေမှုများ၊ ပြည်တွင်း အတိုက်အခံများဖြစ်သော ဦးဝင်တင်၊ ဒေါ်အောင်
ဆန်းစုကြည်စသော အတိုက်အခံများအား အပုပ်ချ၊ အပြစ်တင်၊ ဆဲဆိုနေမှုများသည်
စစ်အုပ်စုလက်တံရှည်ကြီး၏ ရိုက်ပုတ်မှုသာ ဖြစ်သည်။ သို့ဖြင့် စစ်အုပ်
စုထောက်ခံမှု၊ အင်ဂျီအိုထောက်ပံ့မှုတို့ဖြင့် ဂိုဏ်းထောင် အုပ်စုဖွဲ့ပြီး
ပြည်ပအတိုက်အခံ အင်အားစုများ အကြား သပ်လျှိုဖြိုခွဲပြီး
တော်လှန်ရေးကြန့်ကြာစေရန် ကြီးမားသော ရည်ရွယ်ချက် ပြုလုပ်လျှက် ရှိသည်။
ယခု စစ်တပ်အတွင်း မငြိမ်မသက်ဖြစ်ပေါ်များကြောင့်
အထက်ပိုင်းစစ်ဗိုလ်ချုပ်များ အကြပ် အတည်းနှင့် ရင်ဆိုင်နေရသည်၊
ထိုမငြိမ်မသက်မှုကိစ္စကို ဖြေရှင်းရန် ငွေကြေး အမြောက် အမြားကို
အသုံးပြုပြီး စိုင်းပြင်းနေကြသည်။ ထိုမငြိမ်မသက်ကို အတိုက်အခံအင်အားစုမှ
မထိုးဖောက်နိုင်ရန်၊ ဝင်ရောက် မွှေနှောက်ခြင်း မပြုနိုင်ရန်
နိုင်ငံရေးလုပ်ဇာတ်ခင်းပြီး ဝေဝါး သွားစေရန် ကွက်ဆင်လမ်းလွှဲလျှက် ရှိသည်။
အထက်ပါဆိုခဲ့သည့် ကျွန်သဘောက် လောက်ကောင်များကို အသုံးချပြီး
ဆန်ရှင်ရုတ်သိမ်း ရေးနှင့်၊ ဒေါ်အောင်ဆန်းစုကြည်စသည့် အတိုက်အခံတို့အား
ပုပ်ခတ်၊ ပြစ်တင်၊ ဆဲဆိုးမှုတို့သည် စစ်အုပ်စု ကွက်ချပြီး ဦးတည်ချက်
ဝေဝါးအောင် ဆောင်ရွက်ချက် တခုဖြစ်သည်ကို သတိပြုမိကြဘို့ လိုသည်။
ယနေ့ အရေးတကြီးလုပ်ဆောင်ရမည့် အလုပ်များမှာ NLD
ဆောင်ရွက်လျှက်ရှိသည့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကို
နိုင်ငံသားအားလုံးတို့က အလေးဂရုပြုပြီး လက်မှတ်ထိုး ကူညီရန်ဖြစ်ပြီး တဖန်
ပြည်တွင်းလှုပ်ရှားသူများအား ထောက်ပံ့အမျိုးစုံကို ပေးကြရမည်ဖြစ်သည်၊
ထို့အတူ အတိုက်အခံ လက်နက်ကိုင်အင်အားစုများအား ဆင့်မီလက် နက်များ
တပ်ဆင်နိုင်ရေးနှင့် ရိက္ခာလုံလောက်စေရန် ထောက်ပံ့ကြဘို့ လိုသည်။ တဖန်
ပြည်ပနိုင်ငံရေးလောကအတွင်း ရှုပ်ထွေး ပွေလီမှုများနှင့် သူလျှိုများကို
ရှင်းလင်းကြဘို့ အရေး ကြီးပေသည်။ ထိုနောက် ပြည်ပအတိုက်အခံများ
အနေနှင့်နှင့် အရေးပါသည့် ကုလသမဂ္ဂစသည့် အဖွဲ့အစည်းကြီးတို့အား
လက်ရှိဖြစ်ပေါ်လျှက်ရှိသော နိုင်ငံရေးအခြေ အနေမှန်ကို တင်ပြပြီး
ပြင်းထန်စွာ တိုက်တွန်းရမည်၊ တောင်းဆိုရမည်၊ တိုက်ပွဲဝင် ရမည်၊
စစ်တပ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် မငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍
အောက်ခြေတပ် သား၊ တပ်မှူးများအကြား ကောင်းမွန်သည့်
ပြောင်းလဲမှုဖြစ်ပေါ်လာစေန် ဖန်တီးရေးတို့ပင် ဖြစ်ကြောင်း တင်ပြလိုက်သည်။
ဖိုးပါRest of your post
No comments:
Post a Comment