ငါးနှစ်အရွယ်ကလေး အသတ်ခံရမှုကို သက်ဆိုင်ရာ ရဲစခန်းက တစုံတရာ အရေးယူခြင်းမရှိသည့်အတွက် မိသားစုဝင်များနှင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။
ပြီးခဲ့သည့်လ ၂၀ ရက်နေ့ည ၇ နာရီခန့်တွင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ထနီကျေးရွာတွင် မိဘများနှင့်အတူ ငါးကန်သွားတူးနေစဉ် အသတ်ခံလိုက်ရသည့် မခင်စံပါယ်၏အမှုအား မိဘများက လေးအိမ်စု ရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့သော်လည်း အရေးယူခြင်းမရှိကြောင်း မိသားစုဝင်တဦးက ပြောသည်။
“ကလေးက ည ၇ နာရီလောက်မှာ ပျောက်သွားတယ်၊ ပြန်တွေ့တော့ ၁၀ နာရီလောက်မှာ ပြန်တွေ့တဲ့အချိန်မှာ နားကွင်းပြန်မပါတော့ဘူး၊ သွားအကြောင်းကြားတဲ့သူက ရဲကို မခေါ်လာဘဲ ရယကတွေကို ခေါ်လာတယ်၊ သူတို့က ကာယကံရှင်တွေကို နားလည်မှုနဲ့လုပ်ပြီးအလောင်းကို ကန်ပိုင်ရှင်ဦးမင်းသူနဲ့ ရယကက မြုပ်ပစ်လိုက်တယ်၊ သုံးလပိုင်း ၂၁ ရက်နေ့ လေးအိမ်စု ရဲစခန်း စခန်းမှူးဦးကျော်ဦးဆီမှာ အမှုဖွင့်ထားတယ်” ဟု ပြောသည်။
မခင်စံပါယ် အလောင်းကို ၂၁ ရက်နေ့တွင် မြေမြုပ်လိုက်ပြီး ၂၆ ရက်နေ့တွင် ရဲအာဏာပိုင်များက ပြန်လည်တူးဖော်စစ်ဆေးသော်လည်း ယနေ့အထိ တစုံတရာ ဆေးစစ်ချက်အဖြေမသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။
“အလောင်းဖော်ပြီးလုပ်တာ တလကျော်ပြီ ဘာမှ စစ်ဆေးချက်မရသေးဘူး၊ ရဲစစ်ချက် ဆေးစာလည်း မရသေးဘူး၊ ရဲမှုခင်းဆိုင်ရာ ဆောင်ရွက်မှု လုံးဝမရှိတော့ မိသားစုဝင်တွေရော ဒေသခံတွေရော မကျေနပ်ဖြစ်နေကြတာ” ဟု ပြောသည်။
သေဆုံးသူ မခင်စံပါမယ်မှာ ထနီးကျေးရွာအုပ်စု၊ ဂဠုန်(၁) ကျေးရွာမှ အဖ ဦးစိန်ထွန်းနှင့် အမိ ဒေါ်ခင်ဌေးတို့၏ သမီးဖြစ်ပြီး မိဘများမှာ ကျဘန်းလုပ်စားသူများ ဖြစ်သည်။Rest of your post
No comments:
Post a Comment