Pages

Wednesday, April 13, 2011

ဂျပန် နျူကလီးယားစက်ရုံ အန္တရာယ် အဆင့်အမြင့်ဆုံး သတ်မှတ်

အင်္ဂါ, 12 ဧပြီ 2011

ဂျပန်နိုင်ငံက ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ ကြုံနေရတဲ့ ပြဿနာတွေဟာ နိုင်ငံတကာ စံနှုန်းတွေအရ အန္တရာယ်အရှိဆုံးအဖြစ် အဆင့်တိုးမြင့် သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့ ပေမဲ့လို့ အခြေအနေတွေကို ထိန်းချုပ်လာနိုင်ပြီလို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ရေးဆွဲသတ်မှတ်ထားတဲ့ နျူကလီးယားဆိုင်ရာ မတော်တဆမှုမှာ အမြင့်ဆုံးအဆင့် ဖြစ်တဲ့ အဆင့် (၇) ကို သတ်မှတ်လိုက်တဲ့အကြောင်း ဒီကနေ့ ကြေညာပြီး နာရီပိုင်းအကြာမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ၀န်ကြီးချုပ်က ပြောဆိုခဲ့တာပါ။

အခုနောက်ဆုံး ဖူကူရှီးမားစက်ရုံမှာ ကြုံနေရတဲ့ ပြဿနာကိုတော့ ၁၉၈၆ ခုနှစ် ရုရှားနိုင်ငံ ချာနိုဘိုင်းလ် စက်ရုံက အဖြစ်အပျက်နဲ့ အဆင့်တူ သတ်မှတ်ခဲ့တဲ့အကြောင်း ဂျပန်နျူကလီးယားနဲ့ စက်မှုလုပ်ငန်း လုံခြုံမှုဆိုင်ရာ အေဂျင်စီ ပြောခွင့်ရသူ ဟိဒဲဟိကို နိရှိယမ (Hidehiko Nishiyama) က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“မတော်တဆမှုအပေါ် သုံးသပ်ချက်တွေနဲ့ မတ်လ ၁၁ ရက်နေ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ် ခံခဲ့ရပြီးတဲ့နောက် ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား စက်ရုံက ပြဿနာတွေအပေါ်မူတည်ပြီး မတ်လ ၁၈ ရက်နေ့ နောက်ပိုင်း ရရှိခဲ့တဲ့ အချက်အလက်တွေအရ အဆင့် (၇) အထိ တိုးမြှင့် သတ်မှတ်လိုက်တဲ့ အကြောင်း” - ဂျပန်ဘာသာနဲ့ ပြောဆိုသွားတာပါ။

ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးဆက်တွေ ကြီးကြီးမားမားကြုံခဲ့ရတဲ့ မတော်တဆမှုဟာ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ သတ်မှတ်ချက်အရ မူလက အဆင့် (၅) ရှိနေရာကနေ (၇) အထိ တိုးမြှင့် သတ်မှတ်လိုက်တာပါ။ ဒါပေမဲ့လည်း ပျက်စီးသွားတဲ့ ဓာတ်အားပေးစက်ရုံက ထွက်ပေါ်လာတဲ့ ရေဒီယိုသတ္တိကြွမှု ပမာဏဟာ ချာနိုဘိုင်းလ် စက်ရုံမှာတုန်းကထက် ၁၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။Rest of your post

No comments:

Post a Comment