Pages

Saturday, April 09, 2011

၇.၄ ပြင်းအားရှိတဲ့ ဒုတိယအကြိမ် ငလျင်နဲ့ ယိုစိမ့်နေဆဲ ဓါတ်ရောင်ချည်

Posted by admin on April 8, 2011 နေ့သစ်
ဧပြီ ၇ ရက် ည ၁၁း၃၂ နာရီ က မီယားဂိခရိုင်ကမ်းလွန်ပင်လယ်ပြင်ကိုဗဟိုပြုပြီး ငလျင်လှုပ်ခဲ့ရာ ပျက်စီးမှု အနည်းငယ် ဖြစ်ခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ပြီး ၁၃၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂျပန်အစိုးရက ကြေညာပါတယ်။ ရစ်ခ်ျတာ စကေး ၇.၄ ပြင်းအားရှိတဲ့ငလျင်က မတ်လ ၁၁ ရက်နေ့က လှုပ်ခဲ့တဲ့ ငလျင်ကြီးဗဟိုပြုရာ ဧရိယာအတွင်းမှာ ဖြစ်ပါတယ်။ မီယားဂိခ ရိုင် ဆဲန်းဒိုင်မြို့နဲ့ အနီးပတ်ဝန်းကျင်က အခြားမြို့တွေမှာ မီးပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ထိုအတောအတွင်း ဂျပန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ငလျင်နှင့် ဆူနားမိလှိုင်းဒဏ်ခံရတဲ့ ဒေသတွင်းမှ နိုင်ငံခြားသားများ အတွက် သတင်းအချက်အလက်နဲ့ အခြေအနေတွေကို ကိုရီးယား၊ တရုတ်၊ စပိန်၊ အင်္ဂလိပ်၊ ပေါ်တူဂီဘာသာစကားများ ဖြင့် ထုတ်ပြန်ပေးမယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဖူကူရှီးမားဓာတ်အားပေးစက်ရုံမှာ ညူက လီယားယိုစိမ့်ပျံ့မှုနဲ့ ပတ်သက်ပြီး ဓမ္မဓိဋ္ဌာန်ကျကျ သတင်းရေးသားဖော်ပြထုတ်လွှင့်ပါလို့ တောင်းဆိုလိုက်ပါတယ်။ နိုင် ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းဝန်ဖြစ်တဲ့ ချိအာ့ကိ တာကာ့ဟာ့ရှိ က ကြာသပတေးနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။

ဂျပန်အစိုးရနဲ့ TEPCO တို့ဟာ နိုင်ငံခြားမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအပေါ်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ အ ထူးသဖြင့် ညူကလီယား ဓာတ်အားပေးစက်ရုံအကျပ်အတည်းကို ကိုင်တွယ်မှုတွေနဲ့ ပတ်သက်ပြီ နိုင်ငံတကာရဲ့ ပြစ် တင်ဝေဖန်မှု ဖြစ်ပါတယ်။ TEPCO ဟာ သတင်းအချက်အလက်တွေကို အပြည့်အ၀ မထုတ်ပြန်ဘဲ ထိန်ချန်မှုတွေရှိ တယ်လို့ ပြောဆိုတာတွေဟာ အရင်ကတည်းကရှိပါတယ်။

နိုင်ငံနဲ့ ဒေသပေါင်း ၁၃၄ ခု က ကူညီပံ့ပိုးမှုတွေကို နည်းမျိုးစုံပေးနေခဲ့ပြီး ဘေးသင့်ခဲ့ရတဲ့ ဂျပန်လူမျိုးတွေရဲ့ အေးဆေး တည်ငြိမ်စွာနဲ့ တုံ့ပြန်မှုတွေကို ရုပ်မြင်သံကြားကနေတဆင့် မြင်တွေ့ရတဲ့ တခြားနိုင်ငံကလူတွေရဲ့ ချီးကျူးမှုတွေရခဲ့ပါ တယ်။

သို့သော်လည်း ဂျပန်အစိုးရနဲ့ TEPCO တို့ရဲ့ ညူကလီယားအကျပ်အတည်းအပေါ် ပွင့်ပွင့်လင်းလင်နဲ့ တုံ့ပြန်တာ၊ ထုတ် ပြန်ပြောဆိုတာတွေ မရှိဘူးဆိုပြီး နိုင်ငံတကာရဲ့အားမလိုအားမရဖြစ်မှုတွေ၊ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒီအတောအ တွင်း သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာကျင်းပတဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ အစည်းအဝေးမှာ ဖူကူရှီးမား ညူကလီယားစွမ်းအင်သုံးစက်ရုံကနေ ဓာတ်ရောင်ခြည်သင့်တဲ့ ရေတွေကို ပင်လယ်ထဲ စွန့်ပစ်ခဲ့တဲ့အပေါ် မကျေနပ်မှုတွေ စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

TEPCO က အခုဖြစ်တဲ့ ညူကလီယားအကျပ်အတည်းဟာ အချိန်တိုတွင်း လွယ်လွယ်နဲ့ပြီးသွားဖို့ မရှိဘူးလို့ ပြောပါ တယ်။

ကျော်ကျော်စိုး

၁၆း၀၀ နာရီ

ဧပြီ ၈ ။ ၂၀၁၁ ခုနှRest of your post

No comments:

Post a Comment