2011-04-25 RFA
သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့သစ်ဟာ ပြည်တွင်း ပြည်ပက ဒီမိုကရေစီအင်အားစုတွေ၊ အာဆီယံ၊ ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေရဲ့ အဓိက တောင်းဆိုချက်တခုဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို လျစ်လျူပြုထားဆဲ ဖြစ်ပါတယ်။
အာဖရိကနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြန်မာနိုင်ငံကို ကူးစက်လာမှာကို စိုးရိမ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စကို တွန့်ဆုတ်နေတာ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။Rest of your post
No comments:
Post a Comment