April 9, 2011 Freedom Media Group
တရုတ် နိုင်ငံ တွင် ပြည်သူ ထောင်ပေါင်းများ စွာက လွတ်လပ်ခွင့် ၊ ဂုဏ်သိက္ခာ နှင့် ဒီမိုကရေစီရေး တို့ အတွက် တိုက် ပွဲ ၀င်ရန် စတင် ပြင်ဆင် နေပြီ ဟု ထင်ရှားသည့် တရုတ် ကွန်မြူနစ် ပါတီ ဆန့် ကျင်ရေး လူငယ် အုပ် စု ဖြစ်သည့် Group of 20 က Freedom News Group သို့ 
ပြောသည်။
တရုတ်အစိုးရသည် နိုင်ငံ တွင်း ဆန္ဒပြမှု များ ဖြစ်ပေါ် လာမည် စိုး၍ ထင်ရှားသည့် အနုပညာရှင် အိုင်ဝေေ၀ အပါအ၀င် တက်ကြွ လှုပ်ရှား သူ ၈၀ ကျော်ခန့် ပို ဖမ်း ဆီးထားသော် လည်း မြို့ တော် ဘေဂျင်း ၊ ရှန်ဟဲ နှင့် စီချွမ် မြို့ များ တွင် လူထု အုံကြွ မှု အတွက် လှုံဆော်မှု များ နေ့ စဉ် ရှိနေသည်။
တရုတ် အစိုးရ က မူ သူ့ နိုင်ငံ တွင်းရှိ ပြည်သူများ က တည်ငြိမ်မှု ကို လိုလား ကြောင်း လူထု အုံ ကြွ မှု ဖြစ် မည် ဟု သွေး ထိုး လှုံဆော် နေခြင်း သည်” အမြင် မှောက် မှား သည့် အရူး ထမှု “သာ ဖြစ်ကြောင်း ယမန်နေ့ က တရုတ် သတင်း ထုတ်ပြန် ရေး ၀န်ကြီး ၀န်ဟေး က သတင်းထုတ်ပြန်
ခဲ့သည်။
တရုတ် ပြည် တိုင်အန် မင်း ရင်ပြင် နှင့် မြို့ တော် ဘီဂျင် တွင် မူ တရုတ် အစိုးရ က လုံခြုံရေး တပ် ဖွဲ့ ဝင်များ အကြီးအကျယ် ချထားသည်။
တရုတ် ပြည်တွင် ထွက်ပေါ် နေသည့် သတင်းများ ဉ် တရုတ် စစ် တပ် နှင့် တရုတ် ကွန်မြူနစ် ပါတီ မကျေမလည် ဖြစ် နေသည် ဟု ဆိုသည်။
တရုတ်အစိုးရက ယခုနှစ် ဆန်း ပိုင်း က စပြီး တက်ကြွလှုပ်ရှား သူ နှစ်ရာ ခန့် ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ ကြောင့် အနောက် နိုင်ငံ များ က တရုတ် အစိုးရ ကို ရှုံ ချခဲ့ကြသည်။Rest of your post
No comments:
Post a Comment