2011-04-27 RFA(ပေးပို့ သူ -ဗမာသွေး)
၂၀၀၈ခုနှစ်မှာ တက်လာတဲ့ အမေရိကန်သမတ အိုဘားမားအစိုးရက မြန်မာပြည်ဆိုင်ရာ အမေရိကန်ရဲ့မူဝါဒ အချို့ကို ပြောင်းလဲပြီး ထိတွေ့ဆက်ဆံရေးမူရော ပြစ်ဒဏ်ခတ် ပိတ်ဆို့ရေးမူကိုပါ တပြိုင်နက်တည်း သုံးခဲ့ရာမှာ အခုချိန်ထိတော့ ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်မှု မရသေးဘူးလို့ ဧပြီ ၂၅ ရက်နေ့မှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကတ် ကင်းမ်ဘဲလ် ကိုယ်တိုင် ဝန်ခံပြောဆိုသွားပါတယ်။
ဒါပေမဲ့ အခုတက်လာတဲ့ မြန်မာအစိုးရသစ်ကို သူတို့အနေနဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ မြန်မာ့အရေးကို အောင်မြင်အောင် ဆက်လက် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဆက်ဖ် ယွန် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြသသွားတဲ့ Burma Soldier မှတ်တမ်းရုပ်ရှင်ပြပွဲ အပြီးမှာ ပြောကြားသွားပါတယ်။Rest of your post
No comments:
Post a Comment