Pages

Monday, March 14, 2011

အဟိတ်တိရိစ္ဆာန်ထက် ယုတ်ညံ့တဲ့ နအဖများ



ကရင်ပြည်နယ်၊ ဝေါလေဒေသအနီး မင်္ဂလာမြိုင်ရွာနားတွင် နအဖ စကခ (၈) လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခမရ (၄၀၁) တပ်မှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်နှင့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတဦး ပေါင်းနှစ်ဦးအား နအဖ ထိုးစစ်အကြီးအကျယ် ပြုလုပ်နေတဲ့ ဒီဇင်ဘာလ-၂၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ပြီး သတ်ဖြတ်သွားခဲ့ပါတယ်။

အဆိုပါ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီး နှစ်ဦးဖြစ်ပေမယ့် ၁၅ နှစ်အရွယ် အမျိုးသမီးတဦးရဲ့ဓါတ်ပုံကို ဆုံဆည်းရာမှ ဇန်န၀ါရီလ ၂၇ ရက်နေ့ ၂၀၁၁ ခုနှစ်မှာ ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

သတင်းမီဒီယာ၏စည်းမျဉ်းစည်းကမ်းသဘောအရ ဓါတ်ပုံကို မဖော်ပြသင့်ပေမယ့် နအဖ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ရိုင်းစိုင်းယုတ်မာ သတ်ဖြတ်မှုတွေကို မှတ်တမ်းအနေနဲ့ ပြန်လည်ဖော်တာဖြစ်ပါတယ်။

http://ninedeblood.blogspot.com/2011/03/blog-post_10.html

No comments:

Post a Comment