Pages

Monday, March 07, 2011

လစ်ဗျားမှာ ပိတ်မိနေတဲ့ မြန်မာတွေ ဒုက္ခနဲ့ မြန်မာပြည်က ဘွတ်အဲ လွှတ်တော်

နေ့သစ် မှ
လစ်ဗျား မှာ ပိတ်မိနေသော မြန်မာ အပါအ၀င်အာရှနိုင်ငံသားများ AFP

နွားတင်းကုတ်ထဲ ရောက်နေကြတဲ့ လွှတ်တော်အမတ်များ လွှတ်တော်ခေါ်နေတာ တလကျော်နီးပါး ရှိပါတော့မယ်။ မြန် မာပြည်သူတွေအတွက် အလုပ်လုပ်မှာလား၊ ကိုယ်ကျိုးအတွက် အာဏာခွဲဝေရေး လုပ်နေတာလားဆိုတာ ရှင်းနေပါပြီ။

လစ်ဗျား၊ အီဂျစ်နဲ့ အာရပ်နိုင်ငံတွေမှာ ဒုက္ခရောက် ပိတ်မိနေကြတဲ့ မြန်မာလူမျိုးတွေရဲ့ အသက်အန္တရာယ်ကို ယခုထိ တိုင် ဘာမှကာကွယ်စောင့်ရှောက် အကူအညီပေးတာ မရှိသေးပါ။ မြန်မာလူမျိုးတွေလည်း လစ်ဗျားမှာ ပိတ်မိနေကြပါ တယ်။

လစ်ဗျားနိုင်ငံမှာ လာရောက် လုပ်ကိုင်နေကြတဲ့ ထိုင်း လူမျိုး ၂၃,၀၀၀ ကိုတော့ လူသားစိတ်ရှိတဲ့ သူတို့ ထိုင်းအစိုးရက လေယာဉ်တွေစေလွှတ်ပြီး ကယ်တင်သွားခဲ့တယ်။ ကျန်တဲ့သူတွေကိုလည်း နေ့စဉ် လာကယ်ထုတ်နေကြတယ်။ ခရီး သွားလာနိုင်အောင် ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတယ်။ အသက်ဘေးကနေ ရုန်းထွက်ပြေးခဲ့ရလို့ ပျောက်ဆုံး သွားတဲ့ ပတ်စ်ပို့တွေကိုလည်း အမြန်ဆုံး အသစ်ပြန်လုပ်ပေးနေပါတယ်။ တခြားနိုင်ငံတွေကိုလည်း သွားလာနိုင်အောင် သူတို့ အစိုးရကလာပြီး စီစဉ်ပေးနေပါတယ်။ ထိုင်း လူမျိုး ၂၃,၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံအတွက် နှစ်စဉ် ထိုင်းဘတ်ငွေ ၃.၄၅ ဘီဘီယံ ရှာဖွေပေးနေတယ်။

အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေကိုတော့ မြန်မာစစ်အုပ်စုက မဲ ပေးဖို့၊ ၀င်ငွေခွန်ပေးဆောင်ဖို့ ဒီလိုကိစ္စမျိုးတွေသာ မြန်မာသံရုံးက ဆက်သွယ်ခဲ့ပေမဲ့၊ ခုလို ဒုက္ခရောက်နေတာကိုတော့ ဘယ်သူမှ လာမကူညီကြတဲ့အပြင် ဆက်သွယ်လို့တောင် မရပါ။ ဖုန်းလည်း မကိုင်တော့ပါ။

နွားတင်းကုတ်ထဲ ရောက်နေကြတဲ့ လွှတ်တော်အမတ်လောင်းများ “ဘွတ်အဲ” လို့ ပြိုင်တူအော်ကြပါတော့လို့ …

WFWW

No comments:

Post a Comment