Pages

Thursday, March 03, 2011

အားမတန်၍တရုတ်ကြီး အိုကေလိုက်ရသည်.

လစ်ဗျားကိစ္စ ခုံရုံးတင်ဖို့ တရုတ်လက်ခံ
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 03 မတ် 2011

မတ်လအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး လီဘိုဒေါင် (Li Baodong) က လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး တရုတ်အနေနဲ့ အချက် ၃ ချက်ဖြစ်တဲ့ လစ်ဗျားရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှု၊ လစ်ဗျားရဲ့ လွတ်လပ်တဲ့ နိုင်ငံအဖြစ် တည်ရှိနေမှုနဲ့ လစ်ဗျားက ပဋိပက္ခတွေကို တွေ့ဆုံဆွေးနွေးခြင်း အပါအ၀င် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှု၊ အဲဒီအချက်တွေနဲ့ ရပ်တည်ချဉ်းကပ် ဖြေရှင်းသွားမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က နယူးယောက်ခ် ကုလသမဂ္ဂမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လစ်ဗျားက ပဋိပက္ခတွေရဲ့ ဆိုးကျိုးကို မျှဝေခံစားနေရတဲ့ လစ်ဗျားရဲ့ မြောက်အာဖရိက အိမ်နီးချင်း နိုင်ငံတွေ၊ တခြားသော အာရပ်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံနဲ့ ညှိနှိုင်း ဆွေးနွေးချက်တွေအပေါ် မူတည်ပြီး လစ်ဗျားခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) မှာ စွဲချက်တင် စစ်ဆေးရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တရုတ်က ထောက်ခံခဲ့တာ ဖြစ်တယ်လို့လည်း သံအမတ်ကြီး လီဘိုဒေါင်က ဆိုပါတယ်။

ဒါပေမဲ့ ၁၉၉၈ ခုနှစ်က ရောမမြို့မှာ နိုင်ငံတကာ သဘောတူညီခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ဖွဲ့စည်းမှုကို တရုတ်က သဘောမတူခဲ့တာကြောင့် ဒီသဘောတူညီချက်မှာ တရုတ်က ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။

No comments:

Post a Comment