Pages

Wednesday, March 23, 2011

လစ်ဗျားဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာ စစ်အစိုးရကို သတိပေးရာရောက်

2011-03-21 RFA

လစ်ဗျားနိုင်ငံမှာ အာဏာရှင် သမတ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ဖိနှိပ် သတ်ဖြတ်မှုအောက်က ပြည်သူတွေရဲ့ ဘဝကို ကယ်တင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပြီး နိုင်ငံတကာက စစ်ရေးအရ အခုလို ဝင်ရောက် အရေးယူ ဆောင်ရွက်နိုင်မှုဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ မြန်မာနိုင်ငံ အပါအဝင် တခြား အာဏာရှင် နိုင်ငံတွေအတွက်လည်း ဆိတ်ကွယ်ရာ မရှိတော့ဘူးဆိုတာ သတိပေးလိုက်တာပဲလို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတကာ ပူးပေါင်းတပ်ဖွဲ့များ လေကြောင်းမှ တိုက်ခိုက်သည့် ဒုံးကျည်ထိမှန်ကာ မတ်လ ၂၀ ရက်က လစ်ဗျားခေါင်းဆောင် မိုအာမာ ကဒါဖီ၏ နေအိမ်ဝင်းအတွင်းရှိ အုပ်ချုပ်ရေး အဆောက်အအုံ လုံးဝ ပြိုပျက်သွားပုံ ဖြစ်ပါသည်။ (Photo: AFP)

လစ်ဗျားအာဏာရှင်ကို နိုင်ငံတကာက စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံသားတွေအတွက် အားတက်စရာ ဖြစ်လာကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာစစ်အစိုးရအပေါ် R2P (Responsibility to Protect) စနစ်နဲ့ အရေးယူ ဆောင်ရွက်နိုင်ဖို့ အတွက်လည်း လမ်းကြောင်း ပွင့်သွားပြီလို့ ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက ရှုမြငRest of your post

No comments:

Post a Comment