နအဖမှ အစိုးရသစ်ကို အာဏာလွှဲ မဇ္ဈိမသတင်းဌာန ဗုဒ္ဓဟူးနေ့၊ မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၀၄ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် ခေါင်း ဆောင်သော အစိုးရအဖွဲ့ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာ လွှဲပြောင်းပေး လိုက်ကြောင်း နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားက ဗုဒ္ဓဟူးနေ့ နံနက်တွင် ကြေညာသွားသည်။ “ပြည်ထောင်စု အဆင့် အဖွဲ့ဝင်များအား ၂ဝ၁၁ ခုနှစ် မတ်လ ၃ဝ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် ကတိသစ္စာပြုပြီး သည့် အချိန်မှစ၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာများကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာလိုက်သည်။” ဟု ကြေညာချက်တွင် ပါရှိသည်။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်သည်ဟုလည်း ပါရှိသည်။
No comments:
Post a Comment