Pages

Sunday, February 27, 2011

နိုင်ငံတိုင်းမှာ ဆန္ဒပြတာဆို ကြောက်နေကြပြီ..we Just do iy!!

ဆော်ဒီအာရေဗျနိုင်ငံတွင် ဆန္ဒပြမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သောကြောင့် နိုင်ငံသားခံစားခွင့်များကိုတိုးမြှင့်ပေး လိုက်ကြောင်း

ဆေးဝါကုသမှု ခံယူရန်အတွက် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ သွားရောက်ပြီး ပြန်လည် ရောက်ရှိလာခဲ့သည့် ဆော်ဒီဘုရင် အဗ္ဗဒူလာက နိုင်ငံသား ခံစားခွင့်များကို တိုးမြှင့်ပေးလိုက်ကြောင်းထုတ်ပြန်ကြေညာခဲ့သည်။
အိမ်ရာနေထိုင်မှု၊ ပြည်ပ ပညာသင်ကြားရေး၊ လူမှုဖူလုံရေး ကိစ္စရပ်များတွင် အစိုးရက ရန်ပုံငွေများ တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အစိုးရ ရုပ်သံဌာနက ထုတ်ပြန် ကြေညာခဲ့သည်။ ၎င်းသည် နိုင်ငံရပ်ခြား၌ ရောက်ရှိနေစဉ်အတွင်း အရှေ့အလယ်ပိုင်း ဒေသ၏ နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သော်လည်း ဆော်ဒီအာရေဗျ နိုင်ငံတွင် ဆန္ဒပြမှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ တူနီးရှားသမ္မတ ဘင်အလီသည် ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံတွင် အသက် ၁၅ နှစ်နှင့် ၂၄ နှစ် အကြား လူငယ် ၄၀ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့များ ဖြစ်သည်။ ဆော်ဒီ အစိုးရ ၀န်ထမ်းများသည် လစာ ၁၅ ရာခိုင်နှုန်း တိုးမြင့်ရရှိမည် ဖြစ်ပြီး နေအိမ်ဝယ်လိုသူများ၊ အိမ်ထောင်ပြုလိုသူများ၊ စီးပွားရေးလုပ်ငန်း အသေးစား စတငိလိုသူများအတွက် အစိုးရက ရန်ပုံငွေ ဒေါ်လာ ၁၀ ဒသမ ၇ ဘီလျံ ထုတ်ပေးသွားမည် ဖြစ်သည်။

No comments:

Post a Comment