Pages

Tuesday, February 22, 2011

အဖေဘယ်သူခေါ်ရမလည်း မျက်စေ့သူငယ်နဲ့ မြန်မာ့တပ်မတော်

စစ်တပ်ကိုဘယ်သူကိုင်နိုင်မလဲ

စစ်တပ်အတွင်း နှစ်ခြမ်းကွဲနေပြီး ကောဠဟလမျိုးစုံ ထွက်နေတဲ့လက်ရှိအခြေအနေဟာ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး အာဏာကို လုယူထားပြီး ခံစားရတဲ့ စည်းစိမ်ရဲ့အရသာကိုသိနေ တဲ့ စစ်တပ် ခေါင်းဆောင် တွေဟာ သူတို့ အချင်းချင်းပြန်ပြီး အာဏာလုတဲ့အခြေအနေကိုဗြောင် လုပ်ကြတော့ မယ့်လက္ခဏာတွေ ဟာ တဖက်နဲ့ တဖက် ကောဠဟာလတွေကို အပြိုင်လွှင့် သွေးတိုးစမ်း စောင့်ကြည့်နေကြပြီ လို့တွေးမိတယ်။

လက်ရှိစစ်တပ်အတွင်း တာဝန်ထမ်းနေတဲ့ ဗိုလ်ချုပ်တစ်ယောက်ကဆို ရင် ဒီအတိုင်းသာဆို ကျနော်တို့ အသက် ဘယ်ကထွက်ရမှန်း မသိဖြစ်နေပြီလို့ ပြောသံကြားမိပုံ အရတော့ဆိုရင် တပ်ချုပ်ကြီး နှစ်ယောက်အား ပြိုင်နေကြတာ သေချာတယ်။
ဦးသန်းရွှေဂိုဏ်းက ဆော်နိုင်မလား ဦးမောင်အေးဂိုဏ်းက ရှင်းနိုင်မလား ဆိုတာ စောင့်ကြည့်နေမိတယ်။

ဟိန်းနိုင်

No comments:

Post a Comment