Pages

Wednesday, February 23, 2011

နိုင်ငံတော်ကို တပ်မတော်က မပိုင်ပါဘူး.. ပြည်သူအားလုံးပိုင်တာပါ...

Aung Zaw Bo
အမေရိကန်က လစ်ဗျားသံအမတ်ကြီးအပါအ၀င်၊ ကမ္ဘာ့နိုင်ငံတော်တော်များများက သံအမတ်ကြီးတွေ ရာထူးကနှုတ်ထွက်ကုန်ကြပါပြီ။ ကုလသမဂ္ဂ လစ်ဗျားသံအမတ်ကလဲ ကဒါဖီဆင်းပေးဖို့ တောင်းဆိုပါပြီ။ ကျနော်တို့နိုင်ငံက လက်ညှိုးထောင်ခေါင်းပဲညိတ်နေတဲ့ ပြည်သူ့ဘဏ္ဍာစားပြီး ပြည်သူအပေါ်သစ္စာဖေါက်နေတဲ့ လူအပေါင်း ပြည်သူဘက်က ရပ်တည်မယ့် နေ့ရက်တွေကိုစောင့်မျှော်နေပါတယ်.... နိုင်ငံတော်အတွက်လုပ်နေတာ.. နိုင်ငံတော်အတွက်လုပ်နေတာပါဆိုပြီး.. ပြည်သူကို ကိုယ်ဖြစ်စေချင်တဲ့ပုံစံ ကိုယ်လိုချင်တဲ့ပုံစံတခုထဲမှာ နေခိုင်းလို့မရပါဘူး.. နိုင်ငံတော်ဆိုတာ ပြည်သူကို အခြေပြုပြီးမှ တည်ရှိလာရတာပါ..နိုင်ငံတော်ကို တပ်မတော်က မပိုင်ပါဘူး.. ပြည်သူအားလုံးပိုင်တာပါ...နိုင်ငံတော်နဲ့ပြည်သူ အဓိပ္ပါယ်ကောက်ယူမှုကို မှန်ကန်စွာခွဲခြားသိမြင်နိုင်ပြီး စစ်မှန်တဲ့ နိုင်ငံချစ်စိတ်ကို ထားရှိနိုင်ပြီး ပြည်သူနဲ့ တသားထဲ ရပ်တည်နိုင်မယ့် နေ့ရက်ဟာ ကျနော်တို့အားလုံးရဲ့ လွတ်လပ်ခြင်းအစပဲဖြစ်ပါလိမ့်မယ်...

No comments:

Post a Comment