Pages

Tuesday, February 15, 2011

လေဖြတ်သေတော့မဲ့ သန်းရွှေ

ပြည်ထောင်စုနေ့ ညစာစားပွဲ၌ အမတ်များကို တဦးချင်း လိုက်လံနှုတ်ဆက်စဉ် အသက် ၇၇ နှစ်အရွယ် ဗိုလ် ချုပ်မှူးကြီး သန်းရွှေ လျှာလိပ်နေသည်ကို သတိထားမိကြောင်း အမတ်တဦးက ပြန်ပြောပြသည်။

“ကျနော့်ကို လာနှုတ်ဆက်တဲ့အချိန် စကားက ပြောလို့ မပီတော့ဘူး။ လျှာတွေက လုံးနေတယ်။ ဘယ်ကနေ လာလဲ ဆိုတဲ့ဟာလည်း မပီတော့ဘူး။ ဝမ်းသာပါတယ်ဆိုတာလည်း ပီပီသသကို မဟုတ်တော့ဘူးလေ။ အသက်ကြီး လာတော့လည်း လျှာကလိပ်လာပြီဆိုတော့ အခြေအနေ သိပ်မကောင်းသေးဘူးပေါ့။ နောက် နည်းနည်းတော့ ထော့နဲ့ ထော့နဲ့နဲ့ ပေါ့” ဟု ဧည့်ခံပွဲတက်သည့် အမတ်တဦးက မဇ္ဈိမကို ပြောသည်။

တနင်္ဂနွေနေ့ စစ်အစိုးရအာဘော် သတင်းစာများတွင် နအဖ ဥက္ကဋ္ဌ “ဗိုလ်ချုပ်မှူးကြီးသန်းရွှေ” နှင့် နအဖ ကောင် စီ ဝင်များက အမတ်များကို လိုက်နှုတ်ဆက်ပုံကို ဖော်ပြသော်လည်း ဗိုလ်ချုပ်မှူးကြီး၏ ဇနီးဒေါ်ကြိုင်ကြိုင် ကိုမူ ဓာတ်ပုံထဲ၌ မတွေ့ရပေ။

ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့က တည်ခင်းဧည့်ခံမည် ဟု ဖိတ်စာအတွင်း ဖော်ပြထားသော်လည်း ဒေါ်ကြိုင်ကြိုင်ကို မမြင်လိုက်ရဟု အမတ်တဦးက မဇ္ဈိမကို ပြောသည်။

No comments:

Post a Comment