Pages

Tuesday, February 22, 2011

မနိုင်လောက်က ဖင်လှန်ပြေးမည့် မျောက်မြေးအဖိုး

အာဏာဆက်ခံ ရန် ကန့် ကွက်မှု များကြောင့် ၊ဗိုလ်ချုပ်မှုးကြီး အနိုင် ပိုင်းတော့မည်
မြေးဖြစ်သူ နေရွှေသွေးအောင် အား အာဏာလွှဲ ပြောင်းပေးအပ်ရန် အပြင်းအထန် ကန့် ကွက်မှု များကြောင့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မှာ ယနေ့ ပြုလုပ် နေသည့် အစည်း အဝေး ရလာဒ် အပြီး တွင် ၎င်း ၏ အကြံ မအောင် မြင်ပါက တရုတ်နိုင်ငံ တွင် သွားရောက် အခြေချတော့မည် ဟု Freedom News Group မှ သတင်း ရရှိသည်။ (AP Photo/File)

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ၎င်း ၏ မြေးဖြစ်သူ နေရွှေသွေးအောင် အားအာဏာ လွှဲပြောင်း ပေးနိုင်ရန် အတွက် သဘောတူမည် ထင်သည့် ထိပ်တန်း စစ်ခေါင်းဆောင် အချို့  နှင့် ဆွေးနွေး ရာတွင် ပင် ဆန့် ကျင် ကန့် ကွက် ခံနေရသဖြင့် ယနေ့ နောက်ဆုံး အဆင့် အစည်း အဝေး ရလာဒ် ပြီး ပါက သူ၏ စစ်အာဏာရှင် ဘ၀ ကို ကန့် လန့် ကာ ချ တော့ မည် ဟု Freedom News Group မှ သတင်းရရှိသည်။

အသက် ၇၈ နှစ် အရွယ် ရှိပြီ ဖြစ်သည့် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် အသက် ၂၁ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ၎င်း ၏ မြေးဖြစ်သူ မောင်နေရွှေသွေး အောင် အား အာဏာလွှဲပြောင်း ဆက် ခံ နိုင်ရန် ကြံစည် ခြင်း ဖြစ်သည်။

Freedom News Group မှ စုံစမ်း သိရှိ ရသည့် သတင်းများ အရ နေရွှေသွေးအောင်သည် သူအဘွား ဖြစ်သူ ဒေါ်ကြိုင်ကြိုင် နှင့် အတူ တရုတ် ပြည်သို့ ရောက် ရှိ နေသည် ဟု သိရသည်။

ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ၏ မိသား စု သည် ၎င်း တို့ ၏ ပိုင်ဆိုင် မှု များ ကို တရုတ် ပြည် သို့ ရွှေ့  ထား ပြီး ဟု ယူဆရသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ကိုယ် တိုင် လည်း ၎င်း ၏ အကြံအစည် မအောင် မြင် ပါက တရုတ်ပြည်သို့ ရွှေ့ ပြောင်း အခြေစိုက် တော့ မည် ဟု သိရသည်။

မြောက်ကိုရီးယား၊ လစ်ဗျား နှင့် ယခင် အီဂျစ် ခေါင်းဆောင် မူဘာရက် က ၎င်း၏ သား အားဏာဆက် ခံရန် စီစဉ် ထားသကဲ့ သို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လည်း စီစဉ် ထားခြင်း ဖြစ်သည်။

ထင်ရှား သော မြန်မာ စစ်ဗိုလ်ချုပ် တစ်ဦး ကမူ အသက်အရွယ် ငယ်လွန်း သူ ကို ၎င်း တို့ ထက်ပိုမို မြင့်မား သည့် နိုင်ငံတော် အာဏာအပ် နှံ ခြင်း သည် မြန်မာ စစ်တပ် ကို စော်ကား ခြင်းဖြစ်သည် ဟု ဆိုသည်။

ရန်ကုန်မြို့ မှ အငြိမ်းစား စစ်အရာ ရှိ တစ်ဦး ကမူ ” မြန်မာ တွေ အစအရာရာ ခောတ်နောက်ကျပေမယ့် ပဒေသရာဇ် အတွေး အခေါ် လုံးဝ မရှိတော့ တာ သူ မသိတော့တာ တော်တော်အံသြဖို့ ကောင်းတာပဲ ” ဟု မှတ်ချက်ပြု ပြောကြား သည်။
Source:FNG

No comments:

Post a Comment