Pages

Thursday, January 13, 2011

ဒီကေဘီအေ အပြင်းအထန်ထိုးစစ်ဆင်ခံရ

နော်ဒါး၊ ကောင်းဝါ ပြာသိုလဆန်း ၆ရက်။ဇန်နဝါရီ ၁၀၊၂၀၁၁။
နော်ဒါ(ဇန်နဝါရီ-၁၀)။ ။ကရင်ပြည်နယ် မြ၀တီမြို့နယ်တောင်ဖက်ဖလူးဒေသအနီး ဒီကေဘီအေခွဲထွက်အဖွဲ့မှ ဗိုလ်မှူး စောဆန်း အောင်ဦးစီးသော တာ့ခေါ့ကျိုးစခန်းကို ဇန်န၀ါရီလ(၉)ရက်နေ့မနက်(၇း၃၀)အချိန်တွင် မြန်မာစစ်တပ်မှ အပြင်းအထန် စစ်ဆင်တိုက်ခိုက်နေသည်ဟု ဒေသခံရွာသားတစ်ဦးမှပြောပါသည်။

တိုက်ပွဲတွင် စစ်အစိုးရဘက်မှ လက်နက်ကြီးတွေကိုသုံးပြီး ဒီကေဘီအေရှိနိုင်သည် နေရာများကို ခန့်မှန်း ပစ်ခတ်နေသည်ဟု ဒီကေဘီအေနှင့်နီးစပ်သူတစ်ဦးမှပြောပါသည်။ စစ်အစိုးရဘက်က တပ်ရင်း(၅) ရင်းနှင့် သူတို့နှင့်အတူရိက္ခာထမ်းရန် အကျဉ်းသားများကိုလည်းခေါ်လာကြောင်း မျက်မြင်သက်သေများမှပြောပါသည်။

ဒီကေဘီအေ တပ်သားတစ်ဦး၏အဆိုအရ ယမန်နေ့တိုက်ပွဲတွင် စစ်အစိုးရဘက်မှ(၈)ဦးထက်မနည်း ဒါဏ်ရာရပြီး ဒီကနေ့တိုက်ပွဲတွင် (၂)ဦးကမိုင်းထိပြီး(၃) ဦးကျဆုံးကြောင်းပြောပါသည်။ တိုက်ပွဲအနေအထား နှင့်ပက်သက်၍ဒီကေဘီအေတပ်မှူးတစ်ဦးမှ ယခုလိုပြောပါသည်။

“နအဖတပ်တွေဟာ ဝေါ်လေစခန်းမှာရှိတဲ့ သူတို့အဖွဲ့တွေအတွက် ရိက္ခာ တွေသယ်ဆောင်လာတယ် လေ။ ကျွန်တော်တို့ကသူတို့လမ်းကိုဖြတ်စောင့်ထားတာ။ တကယ်လို့သူတို့က လမ်းရှင်းတဲ့အနေနဲ့ လက်နက် ကြီးတွေကိုလှမ်းမပစ်ရင် ကျွန်တော်တို့ အဖွဲ့ နဲ့ ထိပ်တိုက်တွေ့ မယ်။ အဲဒါ ကြောင့် သူတို့ က လမ်းရှင်းတဲ့အနေနဲ လက်နက်ကြီးတွေအလျှံအပယ် လှမ်းပစ်တဲ့အတွက်ကြောင့် ပြီးခဲ့တဲ(၂)လအတွင်း တိုက်ခိုက်မှုတွေ ထက်အဆမတန် ပြင်းထန်ပါတယ်။”Rest of your post

No comments:

Post a Comment