Pages

Friday, December 03, 2010

ပြည်သူ ကြိုက်သလိုဘဲ ကျုပ်တို့ ခေါ်မယ် BURMA!!!


နယူးဇီလန်အစိုးရက မြန်မာပြည်ဆိုင်ရာ မူဝါဒကို ဖော်ပြ Radio New Zealand
ဒီဇင်ဘာ ၃၊ ၂၀၁၀
နယူးဇီလန်အစိုးရက နိုင်ငံခြားရေး ၀န်ကြီး Murray McCully အကြံပေးသည့်အတိုင်း မြန်မာပြည်ဆိုင်ရာ မူဝါဒကို ပြောင်းလဲရေးကို သဘောတူလိုက်သည်။
အစိုးရ ယခု နှစ်သက်သည့် အမည်မှာ Burma ဖြစ်သည်ဟု ၀န်ကြီးက ဆိုသည်။ ဆိုလိုရင်းမှာ နယူးဇီလန်က မြန်မာစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုသည့်သဘော ဖြစ်သည်ဟု သူက ပြောသည်။
Myanmar ဟူသော အမည်ကို သုံးကြရန် စစ်အုပ်စုက လိုလားကြောင်း၊ သို့သော်လည်း အတိုက်အခံ အများအပြားက Myanmar ဟု သုံးခြင်းကို သဘောမတူဟု သူက ပြောသည်။
ထိုအချက်ကြောင့် Burma ဟုသာ ခေါ်ဆိုသင့်သည်ဟု သူက ရှင်းပြသည်။
သို့သော်လည်း မြန်မာ ဟူသော ဝေါဟာရကို နယူးဇီလန် အစိုးရက ဆက်လက် သုံးစွဲဦးမည်ဟု ဆိုသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာပြည်၏ တရားဝင် အမည်ကို Myanmar ဟုသာ သတ်မှတ်ထားသည်

No comments:

Post a Comment