Pages

Thursday, December 09, 2010

အချင်းချင်း ခုကထဲက ဖဲ့နေကြပြီ။

ချင်းပြည်နယ် ပယကဥက္ကဌ ဗိုလ်မှူးချူပ်ဟုန်းငိုင်က မယကဥက္ကဌကို ကိုယ်ထိလက်ရောက် စော်ကား

အင်္ဂါနေ့၊ ဒီဇင်ဘာလ 07 ရက် 2010 ခုနှစ် ခိုနူမ်းထုန်သတင်း သတင်း - ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ် ပြည်နယ်ဥက္ကဌ ဗိုလ်မှူးချူပ်ဟုန်းငိုင်က ဟားခါးမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ဥက္ကဌ ဦး ဆွန်ခန့်ထန်ကို ယခုရပ်ပိုင်းက ကိုယ်ထိ လက်ရောက်စော်ကားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင် ယခုလ ၄ ရက်နေ့က နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိတဲ့ ဒီဇင်ဘာလမ်းလျှောက်ပွဲ၌ လာရောက်သူ လူဦး ရေအလွန် နည်းပါး လွန်းသည့် အတွက်ကြောင့် ဗိုလ်မှူးချူပ်ဟုန်းငိုင်က စိတ်ဆိုးဒေါသထွက်သဖြင့် မယကဥက္ကဌကို အများ ပြည်သူရှေ့မှောက်တွင် သူ့မျက်နှာကို လက်သီးနဲ့ထိုးကြိတ်ခဲ့သည်ဟု ဟားခါးမြို့ခံတဦးက ပြောသည်။

မယက ဥက္ကဌ ဦး ဆွန်ခန့်ထန်သည် ပြင်းထန်သည့် ဗိုလ်မှူးချူပ်၏ လက်သီးဒဏ်ကြောင့် မြေပြင်ပေါ်သို့လဲကျသွားခဲ့သည် ဟုသိရသည်။
ယခုလ ၄ ရက် စနေနေ့က ကျင်းပခဲ့သည့် အဆိုပါ ဒီဇင်ဘာ လမ်းလျှောက်ပွဲတွင် အစိုးရ၀န်ထမ်း စုစုပေါင်း ၂၀ ခန့်သာတက်ရောက် လာခဲ့ကြောင်းသိရသည်။ ယင်းကိစ္စနဲ့ပတ် သက်ပြီး မယကဥက္ကဌကို ဌါနဆိုင်ရာများလည်း အုပ်ချူပ်နိုင် ခြင်းမရှိဘူးဟုဆိုကာ ယခုကဲ့သို့ ထိုးကြိတ်ခဲ့ခြင်းဖြစ်ဟုသိရသည်။

ဗိုလ်မှူးချူပ်ဟုန်းငိုင်၏ လက်သီးဒဏ်ချက်ကြောင့် မယကဥက္ကဌ မြေပြင်ပေါ်သို့လဲကျသွားသည်ကို တွေ့မြင်ခဲ့ကြသည့် ဒီဇင်ဘာလမ်း လျှောက်ပွဲကိုတက်ရောက်လာကြသော ၀န်ထမ်းများက အတော်လေးစိတ်မကောင်းဖြစ်နေကြသည်ဟုဟား ခါးဒေသခံတဦးကပြော သည်။ သို့ သော် မယက ဥက္ကဌ ဦး ဆွန်ခန့်ထန်သည် ပြင်းထန်သည့်ဒဏ်ရာ ဒဏ်ချက်ရရှိခြင်းမရှိကြောင်းသိရသည်။

ဗိုလ်မှူးချုပ်ဟုန်းငိုင်သည် ပြီးခဲ့သည့် နိုဝင်ဘာလ (၇)ရက်နေ့  မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် မင်းတပ်မြို့မဲဆန္ဒနယ်(၂)တွင် ၀င်အရွေးခံခဲ့ပြီး ကြိုတင်မဲကြောင့်အနိုင်ရ ရှိခဲ့ သည်။

ချင်းပြည်နယ်တွင် လွှတ်တော်အမတ်နေရာ ၃၉ နေရာရှိသည့်အနက် (၁၈)နေရာသာကြံ့ဖွံ့ပါတီကရရှိခဲ့သည်။ အထူးသဖြင့် ဗိုလ်မှူးချုပ် ရုံးစိုက်ရာ မြို့ တော်ဟားခါးတွင် ချင်းအမျိုးသားပါတီနှင့် ဖလမ်းမြို့ နယ်တွင် ချင်းတိုးတက်ရေးပါတီတို့ က အပြတ်အသတ်အနိုင်ရရှိခြင်း အပေါ်မကြေမနပ်ဖြစ်ကြောင်းသိရသည်။

ယင်းသို့ ကြံ့ဖွံ့ ပါတီရှုံးနိမ့်သည့်အပေါ် အစိုးရ၀န်ထမ်းထဲမှ ကြံ့ဖွံ့ ပါတီ ကန့် ကွတ်မဲ ပေးသူများကို သက်ဆိုင်ရာတာဝန်ရှိသူများအား နိုဝင် ဘာလ (၁၂)ရက်နေ့ မှပြန်လည်စီစစ်ခိုင်းကြောင်း၊ ထိုအချိန်မှစပြီး အစိုးရ၀န်ထမ်းများအပေါ် မကြေမနပ်ဖြစ်နေပြီးဖြစ်ကြောင်းသိရသည်။

ဟားခါးဒေသခံက” ဒီလမ်းလျှောက်ပွဲမှာ ၀န်ထမ်းတွေ ပါဝင်မှုနည်းတာနဲ့ ပတ်သက်ပြီး ပယက ဥက္ကဌမကြေမနပ်ဖြစ်တာ ကတော့ မှန်တယ် လေ၊ ဒါပေမဲ့သူ့ ပါတီပေါ့ (ကြံ့ဖွံ့ ပါ တီ) ချင်းပြည်နယ်မှာ ရှုံးဆုံးတာလည်း သူ့ သမိုင်းမှာ မကောင်းဘူး ဆိုတော့ အခုလိုမယက ဥက္ကဌအပေါ် လက်လွန်ခဲ့တာ အထူးအဆန်းတော့မဟုတ်ဘူး” ဟုသုံးသပ်ပါသည်။ 

No comments:

Post a Comment