Pages

Sunday, November 07, 2010

ရင်လေးသည် မြန်မာပြည်

ရခိုင်ပြည်နယ် ဥက္ကဌလောင်းဆိုသူက မဲရုံမှူးများကို ငွေပေးပြီး အနိုင်ရရေး လုပ်ဆောင်ပေးရန် တိုက်တွန်း
11/6/2010
ရမ်းဗြဲမြို့ နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ကျော်ခင်မှ မိမိမှာ ရခိုင် ပြည်နယ် ဥက္ကဌ လောင်းဖြစ်သဖြင့် မိမိအနိုင်ရရှိရေး ပြုလုပ်ပေးရန် မဲရုံမှူးများကို ငွေပေး စည်းရုံးခဲ့သည်ဟု အမည်မဖေါ်လိုသူ တစ်ဦးက ပြောသည်။

“ ဦးကျော်ခင်က သူလူတွေက တဆင့် နိုဝင်္ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီမှာ မဲရုံမှူး လုပ်ကြမယ့် ဆရာ ဆရာမတွေကို ကျောက်နီမော် အထက်တန်းကျောင်းထဲကို လက်မှတ်ထိုး ဖိတ်ကြားပီး အစည်းအဝေး တစ်ခု ပြုလုပ်ပါတယ်။ သူက မိမိကိုယ်ကို ပြည်နယ် ဥက္ကဌလောင်းဖြစ်တယ်။ သူသာ ရမ်းဗြဲမှာ အနိုင်ရမှာ ဖြစ်တယ်။ ဒါကြောင့် သူကို အနိုင်ရရှိရေး အတွက် ၀ိုင်းဝန်းကြိုးစားပေးကြပါဆိုပီး ပြောတယ်။ ပီးရင် မဲရုံမှူးတွေ လုပ်ကြမယ့် ဆရာ ဆရာမတွေကို ကျပ်ငွေ တစ်သောင်းစီပေးပါတယ်” ဟု သူက ပြောသည်။

ကျောက်နီမော် ကျေးရွာမှာ ရမ်းဗြဲမြို့နယ်အတွင်း တည်ရှိပြီး အဆိုပါ အစည်းအဝေးသို့ ဆရာ ဆရာမ ၄၀ ခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

“ ဒါ့ပြင် ဦးကျော်ခင်က ကျောက်နီမော်က မူဆလင် ငါးဖမ်းလုပ်သားတွေဆီက ကြိုတင်မဲ ၄၀၀ ကိုကောက်ယူပြီး သူ့ကို မဲပေးခိုင်းထားပါတယ်။ ပီးရင် ရွာသားတွေကို သူ့ကိုမဲမပေးရင် ဒုက္ခ အကြီးအကျယ် ရောက်ကြရလိမ့်မယ်ဆိုပီး ရွာသားတွေအကုန်လုံးကို သတိပေးထားပါတယ်” ဟုသူက ဆက်ပြောသည်။

ဦးကျော်ခင်မှာ သူအနိုင်ရရှိရေးအတွက် ရမ်းဗြဲမြို့နယ် အတွင်း ကျေးရွာသားများကို ခြိမ်းခြောက်မူများ အကြီးအကျယ် ပြုလုပ်နေသည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post

No comments:

Post a Comment