Pages

Tuesday, November 23, 2010

ကိုထိန်လင်း၏ ရင်ဘတ်ပေါ်မှ သရဲလေးကို မြင်ရ၍ ရန်ကုန်လေဆိပ် အာဏာပိုင်များ ကြောက်ရွံ့တုန်လှုပ်

ကိုထိန်လင်း၏ အင်္ကျီပေါ်မှ သရဲလေးကို တွေ့ရစဉ်

ယနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခန့်က ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (Kim Aris) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။ လေဆိပ် immigration ကောင်တာတွင် သူ၏ အင်္ကျီပေါ်မှ ရုပ်ပုံဖြစ်သည့် သရဲလေးက လေဆိပ်အာဏာပိုင်များကို မျက်လုံးပြူးပြီး သွားဖြဲပြခဲ့ရာ အာဏာပိုင်များ လွန်စွာ ကြောက်လန့် တုန်လှုပ်သွားကြကြောင်း သတင်းရရှိသည်။ ကိုထိန်လင်းအနေဖြင့် ယခုကဲ့သို့ သရဲ ရုပ်ပုံပါ အင်္ကျီကို ၀တ်ဆင်လာခြင်းမှာ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၏ သရဲမွေးမြူရေးလုပ်ငန်း (ဒီမှာကြည့်) နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း၊ ချင်းမိုင်တက္ကသိုလ်မှ သရဲရေးရာ ကျွမ်းကျင်သူ ဒေါက်တာ အာနမ် ပရွန်ချွမ်ဝစ် က သုံးသပ်ပြောဆိုသည်။
သို့သော် ကိုထိန်လင်း၏ အင်္ကျီပေါ်မှ သရဲလေးသည် သတင်းထောက်များနှင့် ပြည်သူလူထုကိုမူ ပြုံးပြပြီး မျက်စိ မှိတ်ပြခဲ့ကြောင်း သတင်းရရှိသည်။ Rest of your post

No comments:

Post a Comment