Pages

Monday, November 29, 2010

ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)

ဗမာ့သူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)

(ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)။

(ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်၊ တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်၊ သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်)။

ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေမွေးရမယ်။ ငါတို့ ဗမာပြည်မယ်၊ မိဘတိုင်းကရယ် အာဇာနည်အစစ်တွေကိုရှိဖို့ မွေးရမယ်။ သြော်...ဘုရင့်နောင်နဲ့ ရာဇာဓီရာဇ်တို့လို မင်းရဲကျော်စွာ ပမာပုံနှယ်၊ အလောင်းဘုရားတို့လိုကွယ်၊ ဗမာတိုင်း ဗမာမျိုး အားကိုးလောက်ပေရဲ့ မကြောက်တမ်း၊ မရွံ့တမ်း ဗမာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်။

သံပြိုင်။ ။(ရာဇ၀င် အတ္ထပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) (ရာဇ၀င် အတ္ထပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ။ တိုင်းပြည် အကျိုးစွန့်ခဲ့တယ် များဇာနည်နွယ်။ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ်၊ တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

အာရှနိုင်ငံ ထူထောင်ရန်အတွက် မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်။ နေမျိုးသာကီ ဗမာပြည်လက်ရုံး၊ ကမ္ဘာ့နိုင်ငံလုံး၊ ထင်ပေါ်စေတယ်၊ စိတ်အားသန်သန် မာန်ကိုမလျှော့တယ်၊ ငါတို့လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေ ဂုဏ်ရည်ပြောင်တယ်။ တကယ်ပင် သတိုးမဟာ ဗန္ဓုလရဲ့ အစွမ်းသတ္တိ ရာဇ၀င်ပြောင်တယ်၊ သားကောင်းများလို့ ခေါ်ရလောက်ပေမယ်၊ ဥဒါန်းတွင်စေမယ်...မြန်မာသူရဲကောင်း အပေါင်းတွေရယ်...။

သံပြိုင်။ ။(ရာဇ၀င် အတ္ထပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) (ရာဇ၀င် အတ္ထပ္ပတ္တိလည်းရှိရမယ်၊ မော်ကွန်းလည်း ထိုးလောက်တယ်၊ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်) ။ တိုင်းပြည် အကျိုးစွန့်ခဲ့တယ် များဇာနည်နွယ်။ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှာကယ်၊ တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်။

တေးရေး သဟာရ ဆရာတင်

No comments:

Post a Comment