Pages

Wednesday, November 03, 2010

ရှင်နေတာထက် သေရတာမြတ်သေးတယ်ဟု ဆုံးဖြတ်သွားသူ

စိတ်ဖိစီးမူကြောင့် လေဘေး ဒုက္ခသည် တစ်ဦး ကြိုးဆွဲချ သေဆုံး
11/3/2010
ရခိုင်ပြည်နယ် မြေပုံမြို့တွင် လေဘေး ဒုက္ခသည် တစ်ဦး စိတ်ဖိစီးမူကြောင့် ကြိုးဆွဲချ သေဆုံး သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ မြေပုံမြို့ အလယ်ပိုင်းရပ်ကွက်မှ ဦးအောင်ကျော်စိန်ဖြစ်သည်။

မြေပုံ မြို့ခံ တစ်ဦးက “ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကြိုဆွဲချ သေသွားတာပါ။ သူ့မှာ အိမ်လည်း မုန်တိုင်းထဲပါသွားတယ်။ စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်သွားတော့ နောက်ဆုံး စိတ်ဖိစီးမူကြောင့် ကြိုးဆွဲချ သေသွားပုံရပါတယ်” ဟုပြောသည်။

မြေပုံမြို့နယ် အပါအ၀င် ဂီရိ လေဘေးဒဏ်ခံခဲ့ရသည့် ရခိုင်မှ ကျေးရွာအများအပြားတွင် ပြည်သူများမှာ အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသဖြင့် အထူး စိတ်ထိခိုက် ခံစား နေကြရသည်ဟု သိရသည်။

“ ထောင်ချီတဲ့ စပါးစိုက်ခင်းတွေ၊ ပုဇွန်မွေးမြူရေး တာတွေ ပျက်စီးသွားတယ်။ ငါးလုပ်ငန်း လုပ်ကိုင်နေတဲ့ သူတွေမှာလည်း ငါးဖမ်းလှေတွေ ပျက်စီးပြီး တဦး တဦးစီမှာ သိန်းရာချီပြီး ဆုံးရှုံး နစ်နာ သွားခဲ့တယ်။ မိုးအကုန်မှာ လေမုန်တိုင်းခံရတာက မိုးဦးပိုင်းမှာ လေမုန်တိုင်းခံရတာထက် ပိုဆိုးတယ်။ ရေတွင်းရေကန်တွေက အစ မိုးမရှိတော့ သောက်သုံးလို့ မရတော့ဘူး။ လူတိုင်းလိုလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မူတွေ ဖြစ်နေကြတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ စိတ်ဖိစီးမူကြောင်း မြေပုံမြို့နယ် ဆင်တောင်ကျေးရွာတွင်လည်း နောက်ထပ် အမျိုးသား တစ်ဦး များမကြာမှီက ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သတင်း ရရှိသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)Rest of your post

No comments:

Post a Comment