Pages

Sunday, October 24, 2010

ကိုယ်စားလှယ်လောင်းတွေ ငွေပေး နှုတ်ထွက်ခိုင်း

2010-10-23
စစ်ကောင်စီရာထူး ကရော အစိုးရ ရာထူးကပါ အငြိမ်းစားယူပြီး ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကနေ ၀င်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေက တိုင်းဒေသကြီး ၀န်ကြီးချုပ် နေရာတွေ အလိုလို ရနေပြီလို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။

အထူးသဖြင့် ပြိုင်ဘက် ပါတီတွေထဲက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ငွေကြေးပေးပြီး ယှဉ်ပြိုင်ဘက် နေရာကနေ နှုတ်ထွက်ခိုင်းတာတွေ ရှိတယ်လို့ သိရပါတယ်။ ရည်ရွယ်ချက်ကတော့ စစ်တပ်က အငြိမ်းစားယူထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို တိုင်းဒေသကြီးတွေမှာ ၀န်ကြီးနေရာ ခန့်အပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီတွေရဲ့ သဘောထားအမြင်တွေကို မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။Rest of your post

No comments:

Post a Comment