Pages

Tuesday, October 05, 2010

ဖင်အတုတတ်ပြီး ကြံဖွံ့ မဲဆွယ်

သတင်း မြန်မာအရေး
၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး တွင် ပါခဲ့သည် ဆိုသည့် တာမွေ ကြံ့ဖွတ် အမတ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေအား ယမန်နေ့က မဲဆွယ် ရာတွင် သတိပဌာန် လမ်းထိပ် အရောက် ပြည်သူ အချို့က
“ဗျို့ အစ်မကြီး ကိုယ်တုံးလုံး ချွတ်ပြီး ကပြရင် မဲထည့်မည်”
ဟု ၀ိုင်းဝန်း ရှုံ့ချ ခဲ့ရာမှ ပြည်သူများနှင့် အချင်းများ ခဲ့သည်ဟု သိရသည်။ ထိုသို့ အချင်းများပြီးနောက် သတင်း ရယူရန် ရောက်လာသည့် နိုင်ငံခြား သတင်းထောက် နှစ်ဦးကို ရန်မူကာ သတင်း မယူရန် နှင့် ဓာတ်ပုံ မရိုက်ရန် တားမြစ် ခဲ့သည်။
ဒေါ်လဲ့လဲ့ ၀င်းဆွေ မှာ ဖင်အတုတပ်ပြီး မဲဆွယ်မှု ကြောင့် စနေနေ့က မော်ဒန် လက်ဖက်ရည်ဆိုင် အနီးတွင် လူငယ်များ နှင့် ပြဿနာ တက်သေးသည်ဟု သိရသည်။
ဒေါ်လဲ့လဲ့ဝင်းဆွေသည် ကျောက်မြောင်းတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး ခင်ပွန်းနှင့် သားသမီးများ ရှိသည်။
ဒေါ်လဲ့လဲ့ဝင်းဆွေသည် မြန်မာ ယဉ်ကျေးမှု အမွေအနှစ် သီချင်း ဖြစ်သည့် နဂါးနီ သီချင်းကိုလည်း ကြံ့ဖွံ့ နာမည်များ ထည့်ကာ သံစဉ် စာသား ပြောင်းလဲ၍ သီဆိုသည်။
ပြီးခဲ့သည့် သတင်းပတ် ကလည်း တောင်ဥက္ကလာပ မြို့နယ် ကြံ့ဖွံ့ အမတ်လောင်းနှင့် လက်ရှိ မြို့တော်ဝန် ဦးအောင်သိန်းလင်းမှာ သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်ကို ပုဆိုး လှန်ပြ ခဲ့သေးသည်။
ဒေါ်လဲ့လဲ့ဝင်းဆွေ တပ်ထားသည့် ဖင်တုကြီးမှာ အမေရိကန် မော်ဒယ် ကင်ကာဒီရှန်း၏ ဖင်လောက်ပင် ကြီးသည်ဟု ဆိုသည်။ သို့သော်လည်း သူမ၏ ဖင်တုကြီးက တရုတ်လုပ် ဖင်တုကြီး ဖြစ်သောကြောင့် တစ်ခြမ်းကြီးပြီး တစ်ခြမ်းသေး နေသည်ဟု ဆိုသည်။

No comments:

Post a Comment