Pages

Saturday, October 02, 2010

ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အိုစမာ ဘင်လာဒင် နှိုးဆော်

အိုစမာ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းဖို့ အတွက် နှိုးဆော်လိုက်ပြီ သန်းရွှေ အင်းလေးကန်ပြင်ဖို့ သောက်သံမထွက်ဘူး။ သဘာဝပတ်ဝန်းကျင်ဆိုတာ ဘာမှန်းသိပုံမရဘူး။

တင်ကျော်ကျော်စိုး၊ ၊၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အမေရိကန် နိုင်ငံကုန်သွယ်ရေး မျှော်စင်
ညီနောင် အား တိုက်ခိုက်ခဲ့သည့် အယ်ကားယီးဒါး အကြမ်းဖက် ကွန်ယက် ခေါင်းဆောင် အိုစမာ ဘင်လာဒင်
က ကမ္ဘာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် ရာသီဥတု ပြောင်လဲမှု များ အတွက် သူစိုးရိမ် မကင်း ဖြစ်မိသည်
ဟု ခြောက်လ အတွင်း ပထမဦး ဆုံး အကြိမ်အဖြစ် ပေါ်ထွက် လာသည့် သူ၏ အသံဖိုင်တွင် ကမ္ဘာ့ ရာသီဥ
တု ပြောင်းလဲသည့် ဖြစ်စဉ် နှင့် သူက ထည့်သွင်း ဖော်ပြထားသည်။

သူက ထို အသံဖိုင် တွင် လတ်တလော ပါကစ္စတန် ဉ် ရေကြီးမှု ကြောင့် လူထောင်ပေါင်းများ စွာ အသက်ဆုံး
ရှုံးရမှု နှင့် ကမ္ဘာ့ သဘာဝ ကပ်ဘေးများ ကို ထည့်သွင်းပြောကြားသွားသည်။

နိုင်ငံတကာ အကြမ်းဖက်မှု များအား နောက်ကွယ်မှ နေ၍ ဥာဏ်ကြီးရှင် တစ်ယောက် အဖြစ် ကြိုးကိုင် နိုင်သည့်
အိုစမာ ဘင်လာဒင် က ပထမ ဦးဆုံးအကြိမ် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု များအတွက် သူ၏ စိုးရိမ် မကင်းမှု
ဖြစ်မှု ကို ထုတ်ဖော် ပြောကြားခြင်းဖြစ်သည်။

ဆော်ဒီအာရေးဗီးယား နိုင်ငံသား သန်းကြွှယ်သူဌေး တစ်ဦးဖြစ်သည့် အင်ဂျင်နီယာ ဘွဲ့ ရ ဘင်လာဒင် က
သဘာဝ ကပ်ဘေးများ ကြောင့် လူအများ ဒုက္ခ ရောက်မှု သည် စစ်ပွဲများ ကြောင့် မြေဇာပင် ဖြစ်ရသည့်
အရေ အတွက် ထက် ပို သည် ဟု ထည့်သွင်းပြောကြားသွားသည်။

အိုစမာ ဘင်လာဒင် သည် ၂၀၀၈ ခုနှစ် မေလ မြန်မာ နိုင်ငံတွင် နာဂစ် မုန်တိုင်း တိုက်ခတ် စဉ် က မြန်မာ စစ်
အစိုးရ ၏ နာဂစ် ဒုက္ခသည် များ အပေါ်ကူညီ ကယ်ဆယ်မှု နှောင့်နှေးမှု ကို ဝေဖန် ပြစ်တင်လိုက်ပြီး သူသာ
ကယ်ဆယ် ခွင့်ရမည် ဆိုပါက အမြန်ပြေး ၍ ကယ်ဆယ် လိုက်ခြင် သည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အိုစမာ ဘင်လာဒင် သည် နိုင်ငံတကာ အကြမ်းဖက် ကွန်ယက်များ ၊ စစ်သွေးကြွများ ၊ အစွန်းရောက် အစ္စလာမ်
မစ်များ ၊ အစိုးရ အဖွဲ့ ဝင်များ ၊ အစ္စလာမ် မစ် နှင့် အခြားဘာသာဝင် အချို့ နှင့် သူ့ ကို ထောက်ခံသူ အချို့ အပေါ် တွင် သြဇာ ညောင်းသူ တစ်ယောက်ဖြစ်သည်။

အိုစမာ ဘင်လာဒင် သည် ၁၉၈၀ ပြည့်လွန် နှစ်များ က အာဖဂန် နစ္စတန် နိုင်ငံတွင်းမှ ရုရှ တပ်များ ကို မောင်း
ထုတ်ရာဉ် စေတနာ့ ၀န်ထမ်း အကျိုးဆောင် ပေးမှု ကြောင့် အမေရိကန် အစိုးရ၏ သူကောင်းပြုခြင်း ခံခဲ့ ရသည်။
Rest of your post

No comments:

Post a Comment