Pages

Thursday, September 02, 2010

ကြိုက်တဲ့ နည်နဲ့ လျှော ဘယ်သူမှ ၀မ်းမနည်းဘူး သန်းရွှေရေ....

လုပ်ကြံခံရမည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိုးရိမ် ဧရာဝတီ Thursday, September 02, 2010
စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူး အပြောင်းအလဲများ မကြာသေးမီက အကြီးအကျယ် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ဖြောင့် သေနတ် သမားများဖြင့် လုပ်ကြံခံရခြင်းနှင့် ကားဖြင့် အသေခံ ဗုံးခွဲလုပ်ကြံခံရခြင်းများ ဖြစ်မည်ကို အထူး စိုးရိမ် လျက်ရှိကြောင်း စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ) အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

“ဗိုလ်ချုပ်မှူးကြီးကို ပြည်ပကနေ လက်ဖြောင့် သေနတ်သမားတွေ လာပြီး လုပ်ကြံမှာတို့၊ အသေခံဗုံးခွဲ လုပ်ကြံမှာတို့ ရွေးကောက်ပွဲ မတိုင်မီ အစီအစဉ် ရှိတယ်လို့ ကျနော်တို့ကို အထက်လူကြီးက ပြောထားပါတယ်။ ဒါကြောင့် လုံခြုံရေး သတိရှိဖို့ဆိုပြီး ပြောပါတယ်”ဟု စရဖ အငယ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

“ဗိုလ်ချုပ်မှူးကြီးကို လုပ်ကြံမယ့် သူတွေက မြဝတီ၊ မဲဆောက်တို့ ဘက်က လာမယ်ကြားလို့ အဲဒီဘက်က လာတဲ့ ယာဉ်တွေကို အဓိကထား စစ်နေရတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

နေပြည်တော်သို့ လာရောက်သော အဝေးပြေး မော်တော်ယာဉ်များတွင် လိုက်ပါသူမဲ့ ကုန်ပစ္စည်းများအား သေချာစွာ စစ်ဆေး ရန်၊ ခရီးသည်များ၏ အမည်၊ မှတ်ပုံတင် အမှတ်များကို သေချာစွာ စာရင်းပြုစု ထားရန်နှင့် ခရီးသည် စိစစ်ရေး ကတ်များကို ခရီးသည်တိုင်းအား ချိတ်ဆွဲစေရန် ညွှန်ကြားထားကြောင်း နေပြည်တော်-ရန်ကုန် အဝေးပြေးယာဉ်လိုင်း တခုမှ ယာဉ်မောင်း တဦးက ဆိုသည်။

“ကျနော်တို့ အဝေးပြေးယာဉ်လိုင်းတွေကို မသင်္ကာစရာတွေ့ရင် သဲအိတ် ပတ်ပတ်လည် ကာထားတဲ့ ပုံစံထဲ ထည့်ထားပြီး လုံခြုံရေးကို အကြောင်းကြားဖို့ မှာထားပါတယ်”ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။ သို့သော် မည်သူမျှ အရေးတယူ လိုက်နာလုပ်ဆောင်ခြင်း မရှိဟု သိရသည်။

ထို့ကြောင့် ရှေ့ပြေးလုံခြုံရေးတပ်များက လမ်းကြောင်းရှင်းရာတွင် လမ်းများကို ပိတ်ထားခြင်း၊ လမ်းကြောတလျောက် ရပ် မပေးသည့် ယာဉ်(ဆိုင်ကယ်၊ ကားများ)ကို လုံခြုံရေးများက ခါးပတ်၊ သေနတ်ဒင် စသည်တို့နှင့် ရိုက်နှက်မှုများ ရှိသည်ဟု ပျဉ်းမနား ဒေသခံများက ဆိုသည်။

“ကျနော်က မသိလို့ ယာဉ်တန်းလာတာကို ရပ်မပေးမိဘူး။ ကားပေါ်မှာ လုံခြုံရေးစစ်သားက သေသွားချင်သလားဆိုပြီး သေနတ် ထောင်ပြတယ်။ ကျနော့်မိတ်ဆွေ တယောက်ဆိုရင် စစ်ကားပေါ်ကနေ ခါးပတ်နဲ့ လှမ်းရိုက်တာ ခံရတယ်”ဟု ဒေသခံ တဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ဦးစီး လုပ်ဆောင်နေသည့် ယခင် စစ်ထောက်လှမ်းရေးမှူးချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် (ယခု အနားပေးခံရ)၊ ယခင် ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒု ဗိုလ်ချုပ်ကြီး ခင်ဇော် (ယခု အနားပေးခံရ)၊ ယခင် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း (ယခု စစ်ဆင်ရေး အထူးအဖွဲ့မှုး ကစထ ၄) တို့ ပါလာသည်ဟု ယူဆရသော စစ်ယာဉ်တန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များက ခြုံခို တိုက်ခိုက်ရာ ၇ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။ စစ်ဗိုလ်ချုပ်ကြီးများမှာမူ အထိအခိုက်မရှိ လွတ်မြောက် သွားကြောင်းလည်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိဝန်ကြီးများ စစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။Rest of your post

No comments:

Post a Comment