Pages

Thursday, September 09, 2010

သမိုင်းကွေးသူများ

ရေရှည် စစ်တဲ့
ဓါးထုတ် လှံထုတ်
တွေ့ သမျှ ရန်သူ
အကုန်ခုတ်ရမယ်ဆိုဘဲ

အမိန့် တွေက
အရပ် လေးမျက်နှာက လာတယ်
အရပ် ရှစ်မျက်နှာက လာတယ်
ကောင်းကင် ပေါ်က လာတယ်
မြေကြီးထဲက လာတယ် ……..
ဟိတ်တွေ ဟန်တွေဆီက လာတယ်…..။
မလာတာဆိုလို့ 
အမိန့် ပေးတဲ့ သူတွေပဲ ရှိတယ် …..။

ရန် ….. ငါ စည်းပြတ်ရမယ်
ရန် ….. ငါ စည်းပြတ်ရမယ်
အသံပြာ အားကုန်
ကိုယ်ကျိုးစီးပွား အနေချောင်လိုသူများကတော့
နဲနဲလေးမှမဖြုန်
တော်လှန်ရေးကြီး ပြီးဆုံသွားမှာကိုတောင်
ရင်တုန်နေကြတယ် ……။

ရန် ….. ငါ စည်းမပြတ်တော့
သံ ဃာ အသတ်ခံရတာ
ကျောင်းသား လူငယ် အသတ်ခံရတာ
ပြည်သူလူထုကြီး အသတ်ခံရတာ
ပုံပြင်လည်းမဟုတ် ရာဇ၀င်ထဲက အမှိုက်ထုပ်လည်းမဟုတ်တဲ့
သမိုင်းစစ်စစ်ရဲ့  မှတ်တိုင်များ
ခေတ်ကြီးက သက်သေပြခဲ့ပြီးသား မဟုတ်လား …။

အခုများတော့
ရန် ….. ငါ စည်းပြတ်ရမှာလဲ မသိတော့ဘူး
ဒို့ ခေတ်ရောက်မှ ညံ့နေကြပြီဆိုတာလည်း မသိတော့
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရမယ်ဆိုတာလည်း မသိတော့ဘူး
မပြီးဆုံးနိုင်သေးတဲ့ တော်လှန်ရေးထဲမှာ
တိုင်းပြည်အရေး မိုးထဲလေထဲမှာ

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေကြသည့်ကိစ္စများ
ရပ်တန်းက မရပ်နိုင်ကြတော့ဘူးလား
အဆုံးသတ်မှာ သမိုင်းတရားခံအဖြစ်
ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့ 
ရွှေပြည်တော် မျှော်တိုင်းဝေးပေါ့ …..။


ရဲရင့်သက်ဇွဲ
စက်တင်ဘာ ၂၀၁၀

No comments:

Post a Comment