Pages

Wednesday, August 04, 2010

အဟဲ..ထိနဲ့ နော် အနှစ် ၂၀ ကနေ အကန့် သတ်မရှိ နှစ်တွေနဲ့ 

လှုပ်ရှားသူများ (ဓာတ်ပုံ - AP)
မျက်မှောက်ရေးရာ - သတင်းဖတ်စာ Wednesday, 04 August 2010
ရွေးကောက်ပွဲကို နှောင့်ယှက်လျှင် ထောင်အနှစ် ၂၀ ဟု ဗိုလ်ချုပ်ကြီးတို့ ခြိမ်းခြောက်

သြဂုတ် ၄၊ ၂၀၁၀ တောင်ကိုရီးယားရှိ မြန်မာသံရုံးရှေ့တွင် ဧပြီလက ဆန္ဒပြနေသော မြန်မာ့အရေး
ရွေးကောက်ပွဲကို "ဖျက်လိုဖျက်ဆီး ပြုလိုသူများ"သည် ထောင် အနှစ် ၂၀ အထိ ချမှတ်ခံရမည်ဟု မြန်မာအစိုးရ ထိန်းချုပ်ထားသော သတင်းစာများက ဗုဒ္ဓဟူးနေ့တွင် ရေးသား သတိပေးလိုက်သည်။

လက်ရှိ အုပ်ချုပ်နေသော စစ်အုပ်စုက ရွေးကောက်ပွဲ မတိုင်မီ ဥပဒေနှင့် စည်းကမ်းချက် မျိုးစုံ ထုတ်ပြန်လျက် ရှိသည်။ ထိုရွေးကောက်ပွဲကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာ အသိုင်းအ၀န်းက ဒီမိုကရေစီနည်းကျခြင်း မရှိ၊ မျှတမည်မဟုတ်ဟု ဝေဖန်ထားကြသည်။

သတင်းစာတွင် ပါဝင်သည့် ဆောင်းပါးသည် အင်္ဂါ နှင့် ဗုဒ္ဓဟူး ၂ ရက် အခန်းဆက် ဖော်ပြထားခြင်း ဖြစ်သည်။ အစိုးရက တည်ငြိမ်အေးချမ်း အောင်မြင်သော ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးအတွက် ဥပဒေများ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း "ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီး ပြုလိုသူများ၏ အန္တရာယ်များနှင့်လည်း ကြုံတွေ့ရလေ့ ရှိ" သောကြောင့် ဖြစ်ကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ဆောင်းပါးကို "ဥပဒေလေ့လာသူတစ်ဦး" ကလောင်အမည်ဖြင့် ဖော်ပြထားသည်။ သတင်းစာ ဆောင်းပါးများမှာ စစ်အုပ်စု၏ အာဘော်ကို ထင်ဟပ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ထားသည်။ ပါတီသည် ဥပဒေအရ ရပ်တည်ခွင့် မရှိစေရန် ပိတ်ပင်ခံထားရသည်။ ပြည်တွင်းပြည်ပ ဒီမိုကရေစီအရေး လှုပ်ရှားသူများက ရွေးကောက်ပွဲတွင် မဲပေးခြင်း မပြုရန် စာရွက်စာတမ်းများ ဖြန့်ဝေခြင်းဖြင့် တိတ်တဆိတ် လှုံ့ဆော်နေကြသည်။

ရွေးကောက်ပွဲ အသစ် ဥပဒေများအရ "နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေး" အတွက် ၁၉၉၆ ခုနှစ်က ပြဋ္ဌာန်းထားသော ဥပဒေသည် အသက်ဝင်နေသေးကြောင်း ဆောင်းပါးတွင် ရေးထားသည်။

မည်သူမဆို "နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရား ဥပဒေ စိုးမိုးရေးတို့ကို ထိခိုက် ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဆန္ဒ ပြခြင်း၊ ဟောပြောခြင်း၊ ပြောဆိုခြင်း သို့မဟုတ် ရေးသားဖြန့်ဝေခြင်း" ပြုလုပ်လျှင် ထောင်ဒဏ် ၅ နှစ်မှ အနှစ် ၂၀ အထိ ကျခံရမည်ဟု ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ထိုဥပဒေကို ကျူးလွန်သည့် အဖွဲ့ကိုလည်း ဖျက်သိမ်းမည်ဟု ပါရှိသည်။ Rest of your post

No comments:

Post a Comment