Pages

Saturday, June 19, 2010

မွန်မြတ်သောမွေးနေ့ ပါ မေမေ

အော်..............
အမေဟာ ၆၅ နှစ် ပိုရင့်ကျက်ခဲ့
အမေ့အိမ်..ယိုင်အိုအို ထဲမှာဘဲ။

အမေ့ရဲ့ လွတ်လပ်စွာ အိပ်ပျော်နေခွင့်ကို
အရက်စက်ဆုံး အနိုးခံရတဲ့ ငှက်တွေရဲ့ဒါဏ်
ခဏခဏခံနေခဲ့ရတာ ဘယ်လောက်ရှိပြီလဲ။


ဒီနေ့ ၊ ဆူညံတဲ့ဒီငှက်တွေရဲ့ 
နိုးခေါ်သံမှာ အမေဟာ
တည်ငြိမ်တဲ့ တုန့် ပြန်မှူ နဲ့ 
မြတ်စွာဘုရားကို ကျေးဇူးတင်ကြောင်း
မွေးမိခင် ကျေးဇူးရှင် ကျေးဇူးတင်ကြောင်း
မွေးဖခင် မမေ့ နိုင်ကြောင်း
အမေ ... ဆုတောင်းနေမယ်ဆိုတာ သိတယ်။

အမေရယ် ... ကိတ်မုန့် မှ ရှိရဲ့လား
လူများများ အမေ့ အနားမှာရှိရဲ့လား
အမေ့သားရွယ်တူကျွန်တော့လို သူလည်းအမေ့ကို လွမ်းမှာ
အမေရယ် ကျွန်တော်လွမ်းတယ်။

အမေ
အပြုံလေးတခုပြုံးလိုက်ပါ
အဲ့ဒီအပြုံး တခြားသူမုန်းရင်မုန်းမယ်လေ။

အမေ တည်ငြိမ်အေးချမ်းတဲ့  ၊ မွေးနေ့ ဖြစ်ပါစေ။

ချစ်တဲ့သား ...ဒေါင်းတမာန်
Rest of your post

No comments:

Post a Comment