Pages

Thursday, June 03, 2010

ပါးရိုက်မှုကြောင့် ပုဒ်မ ၂ခု။ ကဲသန်းရွှေ ဘုန်းကြီးသတ်မှု ဒီပဲရင်းသတ်မှု ကဲ တွေးသာကြည့်ပေတော့

ထက်ထက်မိုးဦးကို ပုဒ်မ ၂ ခုနှင့် အမှုစွဲတင်ပြီ
မင်းနိုင်သူ Thursday, June 03, 2010
မင်းသမီး ထက်ထက်မိုးဦးကို ရန်ကင်း တရားရုံးက ပုဒ်မ ၂ ခုဖြင့် ယနေ့ အမှုစွဲတင် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မေလ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် ကုန်စည်ပြပွဲတခု၌ ထက်ထက်မိုးဦးက 7day Newsဂျာနယ် သတင်းထောက် မအေးသူစံကို ကိုယ်ထိ လက်ရောက် ပြုမူခဲ့သဖြင့် သတင်းထောက်က မင်းသမီးကို ရန်ကင်းမြို့နယ် တရားရုံးတွင် အမှုစွဲတင်ခဲ့ရာ နာကျင်စေမှု၊ ခြိမ်းခြောက်မှုတို့ဖြင့် အမှု စွဲတင် လိုက်ခြင်းဖြစ်သည်။

ထက်ထက်မိုးဦးကို ပြစ်မှု ကျင့်ထုံးဥပဒေပုဒ်မ ၂၀၄(ခ) အရ အရေးယူစစ်ဆေးမည် ဖြစ်ကြောင်းလည်း သိရသည်။

“ဒီနေ့မနက်ပိုင်းကပဲ တရားသူကြီး ဦးနေအောင်က ပုဒ်မ ၃၂၃ နဲ့ ပုဒ်မ ၅၀၆ (ပထမပိုင်း) ဆိုပြီး ပုဒ်မ ၂ ခုနဲ့ အမှုလက်ခံတဲ့ အကြောင်း ဖတ်ပြပါတယ်” ဟု 7day News ဂျာနယ်မှ အယ်ဒီတာ မငြိမ်းငြိမ်းနိုင်က ပြောသည်။

ပုဒ်မ ၃၂၃ မှာ နာကျင်စေမှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၁ နှစ် သို့မဟုတ် အများဆုံးငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံးကို ကျခံစေနိုင်ကြောင်း၊ ပုဒ်မ ၅၀၆ မှာ ခြိမ်းခြောက်မှုဖြစ်ပြီး အများဆုံးထောင်ဒဏ် ၂ နှစ် သို့မဟုတ် ကန့်သတ် မထားသော ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ် ၂ ရပ်စလုံး ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေတွင် ပြဌာန်းထားကြောင်း ရန်ကုန်အခြေစိုက် ရှေ့နေတဦးက ပြောသည်။

အဆိုပါ အမှုရုံးချိန်းကို ၁၇ ရက်နေ့တွင် တရားလို၊ တရားခံ နှစ်ဦးစလုံးအား ခေါ်ယူ၍ ကြားနာ စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ထက်ထက်မိုးဦးကို ဧရာဝတီ မဂ္ဂဇင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

မင်းသမီးနှင့် သတင်းထောက်အမှုကို စာနယ်ဇင်းအသိုင်းအ၀န်းက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး အဆိုပါအမှုကို ငွေဒဏ်ဖြင့်သာ အဆုံးသတ်မည်ဟု ယူဆမိကြောင်း ရန်ကုန်အခြေစိုက် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

ထက်ထက်မိုးဦးသည် ၎င်းဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့အား ကူညီဖြေရှင်းပေးရန် တင်ပြမှုရှိသည်ဟု သတင်းများ ပေါ်ထွက်နေသော်လည်း မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူတဦးက ယင်းကိစ္စနှင့်စပ်လျဉ်း၍ မသိရှိကြောင်း ဧရာဝတီသို့ ဖြေကြားသည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့သည် အမှုကျေအေး ရုပ်သိမ်းပေးရန် ညှိနှိုင်းပေးလို၍ ထက်ထက်မိုးဦးကို ဆင့်ခေါ် ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိသဖြင့် ၎င်းအား ရှုတ်ချသည့် ကြေညာချက်တစောင်ကို မေ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်ထုတ်ပြန်ပြီး နောက်ရက်တွင် သတင်းထောက် မအေးသူစံကိုလည်း စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ လိုက်နာ ဆောင်ရွက်ပြီး စာပေနှင့် အနုပညာ နယ်ပယ် အချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ပျက်ပြား စေသည့် ပြောဆို ပြုမူမှုများ ရှောင်ရှားရမည် ဟူ၍ စာနယ်ဇင်းအဖွဲ့က ခေါ်ယူအသိပေးခဲ့သည်။Rest of your post

1 comment:

  1. ခေါင်းစဉ်ကြီးကဖတ်ကတာတော်တော် လွဲနေတယ်ဗျ။
    မသိရင်ဘဲ ထက်ထက်မိုးဦးကပဲ သန်းရွှေနဲ့အတူ ဘုန်းကြီးနဲ့ဒီပဲရင်းသတ်မှုတွေ ပေါင်းကျူးလွန်ထားသလိုမျိုးကြီး။ သတင်းသမားဆိုတာ ကိုယ်သုံးတဲ့ စာလုံးရဲ့အတိမ်အနက်ကိုသိရတယ်ဗျ။

    ReplyDelete