Pages

Monday, February 15, 2010

ကျနော် ပြန်လာပြီ အကိုကြီးတို့ 

သက်ကြီးခေါင်းဆောင်များထံ ဦးတင်ဦး သွားရောက် ဂါရဝပြု
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၀ မိနစ် .

နယူးဒေလီ ။ ။ အကျယ်ချုပ်သက်တမ်း ၆ နှစ်ပြည့်ပြီး ယမန်နေ့ညတွင် ပြန်လွတ်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက သက်ရွယ်ကြီး အဖွဲ့ချုပ်ခေါင်းဆောင်များထံ ယနေ့ သွားရောက်ကာ ဂါရဝပြုသည်။

၈၃ နှစ်အရွယ် ဦးတင်ဦးက ယနေ့နံနက်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ကန်တော့ကာ အန်အယ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေ (၉၂ နှစ်)၊ အတွင်းရေးမှူး ဦးလွင် (၈၄ နှစ်) နှင့် ဦးလွန်းတင်တို့ထံလည်း သွားရောက်ဂါရဝပြုခဲ့ခြင်း ဖြစ်သည်။

“နေ့လည် ၁ နာရီကျော်မှာ ဦးအောင်ရွှေအိမ်ကို သွားပြီး ဂါရဝပြုတယ်။ အဲဒီနောက် ဦးလွင်အိမ်ကို သွားတယ်။ နောက် ဦးလွန်းတင်ဆီ သွားတယ်။ ညနေ ၃ နာရီ မခွဲခင်မှာ အိမ်ပြန်ရောက်လာတယ်” ဟု ဦးတင်ဦး၏ နေအိမ်တွင် ရောက်ရှိနေသည့် အန်အယ်ဒီ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ရန်ကုန်တိုင်းက အဖွဲ့ချုပ် အဖွဲ့ဝင်တွေ တော်တော်များများ လာတွေ့ကြတယ်။ အဘအနေနဲ့ ဒီမိုကရေစီရေးအတွက် ဆက်လုပ်ကြဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်ကြဖို့ ပြောတယ်။ အမှတ်တရ စကား ပြောတာတွေ ရှိတယ်။ တဦးချင်း ကိစ္စတွေကအစ ဘဘက အမှတ်ရနေတာ။ အဘဆီကို သံတမန် တယောက်လည်း လာတွေ့တယ်” ဟု ပြောသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/4810-2010-02-14-11-32-35.html

No comments:

Post a Comment