Pages

Tuesday, December 09, 2008

တိရိစ္ဆာန်ကောင်ကြီးတွေ အပြင် ကြက်တူရွေးကပါ ပြည်သူတွေကို ဒုက္ခပေးလိုက်ပြန်ပြီ

သောင်းချီကြက်တူရွေးများ ပြောင်းခြံဖျက်ဆီး - ဒေသခံများ ကြက်ငှက်တုတ်ကွေးရောဂါစိုးရိမ်
တနင်္လာနေ့၊ 08 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်


တအုပ်လျှင် ကောင်ရေသောင်းချီရှိသော ကြက်တူရွေးအုပ်များ မူဆယ်ခရိုင်အတွင်းရောက်ရှိကျက်စားသောကြောင့် ပြောင်းခင်း နှင့် ပျိုးပင်များစွာပျက်စီးကြောင်း မူဆယ်မြို့ခံများ ကြက်ငှက်တုတ်ကွေးရောဂါ ကူးစက် မည်ကို စိုးရိမ်နေကြကြောင်း၊ တရုပ်နယ် စပ်သတင်း ရပ်ကွက်ကဆိုသည်။

လွန်ခဲ့သည့် ၄-၅ နှစ် မှစ၍ ယခုအထိ မည်သည့်အရပ်ကလာမှန်းမသိ ရွှေ့ပြောင်းပျံန်သန်းလာသောကြက်တူရွေးအုပ်များ မူဆယ်ခရိုင် နမ့်ပေါ်ချောငးတလျှောက်ရောက်ရှိကျက်စားနားခိုပြီး ယာစပါး၊ လယ်ယာစပါး နှင့် စိုက်ခင်းများစွာကိုဖျက်ဆီး ကြောင်း၊

ရှေးဟောင်းအယူစွဲများက “လွယ်တိန်ခမ်းတောင်ပေါ် ဆရာတော်ဘုရား၏ မေတ္တာတရားကြောင့်အဆိုပါ ကြက်တူရွေး များ ရောက်လာခြင်းဖြစ်သည်” ဟု ယုံကြည်ကြသော်လည်း ခေတ်ပညာတတ်လူငယ်များကရွှေ့ပြောင်းကြက်တူရွေးအုပ်ကြောင့် ကူးစက်တတ်သော ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း မူဆယ်ဒေသတဦး၏ပြောပြချက်အရသိရ ပါသည်။





အသက် ၄၀ အရွယ် အရံသားဖွားဆရာမတဦးက -“မိုးနှောင်းတုန်းက ကျောင်းသားသုံးယောက်ရောဂါမ သိဘဲသေသွားတယ်။ သက်ဆိုင်ရာတွေက ဖေါ်ထုတ်ကြေငြာသတိပေးတားမြစ်ချက်တွေ အခုအထိဘာတခုမှမရှိဘူး။ ဒီထူးဆန်းတဲ့ရောဂါတွေကြောင့် လူထုက ကြက်တူရွေးအုပ်ကိုမောင်းထုတ်ချင်ကြတယ်။ ကြက်ငှက်တုတ်ကွေးရောဂါဖြစ်မှာကို အရမ်းစိုးရိမ်နေကြတယ်။ အိမ်မွေးကြက်၊ ဘဲတွေအတွက်လဲသတိထားစရာဘဲ။ ကြိုတင်ကာကွယ်ချင်ပေမဲ့အာဏာပိုင်တွေ အခုထိဂရုမစိုက်အရေး မထားဘူး” ဟုဆိုပါသည်။

“ကြက်တူရွေးတအုပ် ကောင်ရေသောင်းချီရှိတယ်။ ပြီးခဲ့တဲ့ပြောင်းစိုက်ရာသီက ကျနော်တို့ရဲ့ယာပြောင်း ၅ ဧကကို နှစ်နာရီ လောက်နဲ့ဘဲပြောင်အောင်မွှေနှောက်သွားတယ်။ ပြောင်း အဖူးလိုက် ကိုက်ဖြတ်ချီသွားတာလဲရှိတယ်။ ဖေဖေ မေမေတို့တော့ မျက်ရည်နဲ့မျက်ခွက်ဘဲ” ဟု အသက် ၂၀ အရွယ် မော်တောင်းအုပ်စု (လားရှိုးသို့အသွားလမ်း) မှ ပလောင်လူငယ်တဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

အဆိုပါကြက်တူရွေးအုပ်ကြီးများသည် ညဘက်တွင် မူဆယ်ခရိုင်အတွင်း ဖြတ်သန်းစီးဆင်းသောနမ့်ပေါ်ချောင်း တလျှောက် နားခိုပြီး အရုဏ်တက်လျှင် မူဆယ်မြို့အရှေ့တောင်ဘက် တီးမ၊ တတ်နိုင်း၊ မိုင်းစီး အုပ်စုဘက်အထိလည်းကောင်း၊ သံလွင်အ ရှေ့ခြမ်း တရုပ်ပြည်ထဲအထိလည်းကောင်း သွားရောက်ရှာဖွေ စားသောက်ကြသည်ဟုဆို၏။

“ခါတိုင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပတဲ့ လွယ်တိန်ခမ်းတောင်ပေါ်မှာ သစ်တောဌာနသစ်ပင်တွေရာချီပြီး စိုက်ထားတယ်။ ကြက်တူရွေးအုပ်တွေ အညှောင့်အညာမထွက် နိုင်အောင်ကိုက်ဖြတ်တယ်။ အပင်တွေမရှင်နိုင်တော့ဌာနဆိုင်ရာကလွယ်တိန်ခမ်း ကျောင်းတိုက် ဂေါပကအဖွဲ့ကို မယ်စလီပင် အပင် ၂၀၀ ကျော် ပြန်စိုက်ပေးခိုင်းတယ်။ အဲအပင်တွေ ထပ်မရှင်မှာစိုးလို့ ဒီနှစ် သျှမ်းနှစ်သစ်ကူး ပွဲတော်တောင် လွယ်တိန်ခမ်းမှာကျင်းပခွင့်မရဘူး။ နောက်ဆုံးလူသူ ကင်းဝေးပြီး မူးယစ်ဂိုဏ်းပေါများတဲ့ ဇောန်ဇော်မှာ သွားလုပ်ရတယ်”- ဟု မူဆယ်မြို့သျှမ်းစာပေယဉ်ကျေးမှုကော်မတီဝင်တဦးက ဆိုပါသည်။

နှုတ်သီးနီ ကြက်တူရွေးများကို တရုပ်စီးပွားရေးသမားများ တန်းဖိုးကြီးပေးဝယ်ကြ၏။ သို့သော်သျှမ်းပြည် မြောက်ပိုင်း မူဆယ်အ တွင်း ရောက်ရှိသော ကြက်တူရွေးများက နှုတ်သီးမည်း အမျိုးအစားများသာဖြစ်ကြောင်း ကြက်တူရွေးဖမ်းရောင်းသူ လူငယ်တဦး ကပြောသည်။

No comments:

Post a Comment