
ယနေ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံးတွင် ကမ္ဘာ့အေအိုင်ဒီအက်စ် နေ့  အခမ်းနားကို ပြုလုပ် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ဝေဒနာခံစားနေသူများ၊ ၄င်းတို့ ၏ မိသားစုဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ဝင်များ စုစုပေါင်း (၄၀၀)ခန့်  တက်ရောက်ခဲ့ကြပါသည်။
အခမ်းနားတွင် ရန်ကုန်တိုင်းလူငယ် အကူအညီပေးရေးအဖွဲ့ဝင် ကိုအေးနိုင်မှ အခမ်းနားမှူးပြုလုပ်၍ ဦးလှမင်းမှ ပထမဦးစွာ သူတို့ ၏ အေအိုင်ဒီအက်စ် section စတင်ပေါ်ပေါက်လာပုံကို မိတ်ဆက်ပြောပြခဲ့သည်။ ထို့ နောက် မဖြူဖြူသင်းမှ သူတို့ ၏ လုပ်ကိုင်ခဲ့ပုံများကို ရှင်းလင်းပြောပြပါခဲ့ပြီး ဝေဒနာရှင်များအား အကူအညီပေးနေသူ ကို ရာဇာမှ လုပ်ငန်းအခက်အခဲများကိုဆက်လက် ရှင်းလင်းပြောပြခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌကြီး ဦးအောင်ရွှေမှလည်း အမှာစကားပြောကြားခဲ့ပါသည်။
တက်ရောက်လာသောဝေဒနာရှင်များနှင့် ၄င်းတို့ ၏မိသားစုဝင်များ စုစုပေါင်း ၂၅၀ ဦးကို ပုဆိုး၊ ထမိန်၊ မျက်နှာသုတ်ပုဝါနှင့် အခြားပစ္စည်းများစွာကို ကံစမ်းမဲဖြင့် မဲဖေါက်ပေးခဲ့ပြီး တက်ရောက်လာသောသူများထဲမှ ကလေးသူငယ်ပေါင်း ၃၅ ဦးကိုလည်း အရုပ်လက်ဆောင်များပေးခဲ့ပါသည်။
ဗဟိုသတင်းနှင့် ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)
http://nldlajb.blogspot.com/ မှ
No comments:
Post a Comment