Pages

Monday, December 01, 2008

အသက်မပြည့်သူ ကလေး တဦးအား စစ်သား အဖြစ် စုဆောင်း

11/29/2008

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ အသက် ၁၄ နှစ်သာ ရှိသေးသည့် လူငယ် တဦးအား မိဘများ၏ သဘောထားကို ဆန်ကျင်ပြီး အတင်း အဓမ္မ စစ်သား အဖြစ် စုဆောင်း ထားကြောင်း သတင်းရရှိသည်။

စစ်သား အဖြစ် စုဆောင်းခံရသူမှာ မောင်သာထွန်း ဖြစ်ပြီး (အဘ) ဦးရွှေထွန်း (အမိ) ဒေါ်နှင်းဆီဖြူ သားဖြစ်ကြောင်း သိရသည်။သူ၏ နေရပ်မှာ မြောက်ဦးမြို့နယ် ပုဇွန်ဖယ် ကျေးရွာမှ ဖြစ်သည်။

ကျေးရွာသားများ ပြောကြားချက်အရ မောင်သာထွန်း၏ မိဘများမှာ ဆင်းရဲပြီး လက်လုပ် လက်စားများ ဖြစ်သဖြင့် အဆိုပါ

ဆင်းရဲမှုကို အခွင့်ကောင်းယူကာ မြောက်ဦး အခြေစိုက် ခမရ ၅၄၀ မှ သူ့အား တပ်သားသစ် အဖြစ် စည်းရုံးသိမ်းသွင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းပြင် မောင်သာထွန်း၏ မိဘ နှစ်ဦးအားလည်း သူတို့၏ သားဖြစ်သူအား ပြန်လည် မခေါ်ယူပါကြောင်း လက်မှတ် ရေးထိုးထားရသည်ဟု သိရသည်။

သူ့အား တပ်သား သစ်အဖြစ် စည်းရုံးသိမ်းသွင်းသူမှာ တပ်မှ ပိုင်စင်ယူရန် စီစဉ်နေသည့် စစ်သား တဦး ဖြစ်ပြီး တပ်မှ အငြိမ်းစား မယူမှီ မောင်သာထွန်းအား အတင်းစည်းရုံးပြီး တပ်သားသစ်အဖြစ် စုဆောင်ခြင်း ဖြစ်သည်။

နအဖ တပ်မတော်တွင် စစ်သား တဦးသည် အငြိမ်းစား မယူမှီ တပ်သားသစ် နှစ်ဦးကို ရှာဖွေ ပေးရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။

No comments:

Post a Comment