Pages

Saturday, November 01, 2008

ဘုရားတောင် မရဏကိုမလွန်ဆန်နိုင်.သန်းရွှေကျမှ ယတြာက နိုင်ရမလားဟဲ့

ကျန်းမာရေး ကောင်းလာသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယတြာချေနေဟုဆို

အောက်တိုလာ ၂၉။ ဆက်ပွား
အေအက်ဖ်ပီ

နလန်မထူနိုင်တော့ဟု၂၀၀၈ ၉ လပိုင်းနှင့် ၁၀ လဆန်းပိုင်းတွင်သတင်းထွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကျန်းမာရေး ပြန်ကောင်းနေကြောင်းသိရသည်။

“ဟုတ်တယ်။ အဖိုးကြီး ပြန်ကောင်းလာတာ သေချာတယ်။ ဒုတပ်ချုပ်ကို အပို့အကြိုလုပ်တုန်း ယာယီလမ်း လျှောက်နိုင်အောင် ထိန်းပေးတဲ့ ဆေးထိုးပေးတယ် တွက်တာ။ အခုတော့ မဟုတ်ဘူး။ ၀န်ကြီးချုပ် ခရီးလည်း သူပို့ကြိုတယ်။ နောက်ပြီးတော့ နေပြည်တော်လဲ သူ ပြန်ရောက်နေပြီ်။ ဖြစ်တုန်းကတော့တကယ် နလန် မထူနိုင်သလို ဖြစ်လို့ ၂၀၀၈၊ ၁၀ လပိုင်းနဲ့၁၁လပိုင်းထဲမှာ အနားပေးဖို့ စစ်ကောင်စီ ထိပ်ပိုင်းထဲမှာ စည်းဝေး တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တဲ့သတင်းထွက်လာတာ။ အခုတော့ တပ်ချုပ်ကြီးက ယတြာကောင်းတာလား မပြော တတ် ဘူး။ မြန်မာဆေးနဲ့ပြန်နလန်ထူတယ်လည်းကြားတယ်။ ဂျာမနီက ပါရဂူတွေလာပြီး ကုပေး သွားတယ်လဲကြားတယ်။ ဒါပေမယ့် နောက်တခါ ပြန်ဖြစ်ရင် ခေါက်ကနဲ သွားနိုင် တယ်”ဟု နအဖ စစ်ကောင်စီ နှင့် နီးစပ်သူစစ်အရာရှိ တစ်ဦးမှ ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကျန်းမာရေးပြန်ကောင်းလာပြီး မေမြို့ စစ်အင်ဂျင်နီယာတက္ကသိုလ်ရှေ့မှ မဟာ အံ့ထူးကံသာ ပြည်ချစ်ဘုရား အတွင်းမှာ ၁၀လပိုင်းလယ် ပတ်ဝန်းကျင်ရက်မှာ ယတြာ လာချေသွားတယ် လို့ လည်းကြားသိရသည်။

“ဖြစ်နိုင်ပါတယ်။ အဲဒီရက်ပိုင်းက လုံခြုံရေးတွေ ထူးထူးခြားခြား တော်တော်များများ ချထားတာ တွေ့လိုက်မိ တယ်” လို့ မေမြို့ဒေသခံတဦီးမှ ပြောပြသည်။

No comments:

Post a Comment