Pages

Wednesday, October 01, 2008

ခွေးတွေ မြူးနေတယ် သတိထား..

မဇ္ဈိမ အင်တာနက်စာမျက်နှာ တိုက်ခိုက်ခံရ
ဧရာဝတီ အောက်တိုဘာ ၁၊ ၂၀၀၈

ယနေ့နက် ထိုင်းနိုင်ငံစံတော်ချိန် ၄ နာရီတွင် ပြည်ပအခြေစိုက် မဇ္ဈိမသတင်းဌာန၏ အင်တာနက် စာမျက်နှာ များ တိုက်ခိုက် ခံရသည်ဟု ၎င်းသတင်းဌာန၏ အယ်ဒီတာ ဦးစိန်ဝင်းက ဧရာဝတီကို ပြောသည်။

မဇ္ဈိမသတင်းဌာန၏ အင်္ဂလိပ်ပိုင်း၊ မြန်မာပိုင်း၊ ရုပ်သံနှင့် ဓာတ်ပုံတို့ကို ဖော်ပြသည့် စာမျက်နှာများကို လူအများ ၀င် ရောက်ကြည့်ရှူခွင့်မရ အောင် နည်းပညာကိုအသုံးပြု၍ တိုက်ခိုက်ခြင်း ဖြစ်သည်။

“အကြောင်းတခုခုရှိလို့ hack လုပ်တာဖြစ်မှာပေါ့။ ဘယ်သူ့လက်ချက်ဆိုတာတော့ မပြောနိုင်သေးဘူး။ ကျနော် တို့တွေ့ထားတဲ့ ip လိပ်စာက အမေရိကားကလာတာ၊ နည်းပညာတတ်ကျွမ်းတဲ့သူ တယောက်ယောက် က သူ့အကျိုး စီးပွားအတွက် လုပ်တာ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

ယနေ့နေ့လယ်ပိုင်းက စာဖတ်သူတချို့ မဇ္ဈိမအင်တာနက်စာမျက်နှာသို့ ၀င်ရောက်ကြည့်ရှူရာ လွတ်လပ်သည့် မြန်မာနိုင်ငံ သား နည်းပညာဖောက်ထွင်းသမား (hacker) တို့က ၎င်းဆိုက်ကို သိမ်းပိုက်လိုက်သည်ဟု အင်္ဂလိပ် ဘာသာဖြင့် ရေးသား ဖော်ပြထားသည်ဟု ဆိုသည်။

လွန်ခဲ့သည့်လလယ်ပိုင်းကလည်း နော်ဝေနိုင်ငံအခြေစိုက် လွတ်လပ်သည့်မြန်မာ့အသံ (ဒီဗီဘီ) နှင့် ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းတို့၏ အင်တာနက်စာမျက်နှာများကို နည်းပညာဖောက်ထွင်းသမားတို့က Distributed Denial of Service (DDoS) နည်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ယနေ့ နေ့လယ်ပိုင်းတွင် မဇ္ဈီမက ၎င်း၏ အင်္ဂလိပ်ပိုင်း၊ ရုပ်သံနှင့် ဓာတ်ပုံ စာမျက်နှာတို့ ပြန်လည်ပြင်ဆင် ထုတ်လွှင့်နိုင်ပြီ ဖြစ်ပြီး ယနေ့ ညနေပိုင်းတွင် အားလုံးပြန်လည်ကောင်းမွန်မည်ဟုမျှော်လင့်ကြောင်း မဇ္ဈိမအယ်ဒီတာ ဦးစိန်ဝင်းက ပြောသည်။http://www.irrawaddy.org/bur/news2008/October/Oct_01b_08.html

No comments:

Post a Comment