Pages

Tuesday, September 23, 2008

ဆင်ဗုံးတွေ နဲ့ ခြောက်လှန့် နေပါတယ် ဗျို့ 

စီးတီးမတ် စူပါမားကက်များတွင် ဗုံးများတွေ့ဟုဆို
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 17:15 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်မြို့ရှိ စီးတီးမတ် စူပါမားကက် ဆိုင်နှစ်ခုတွင် မပေါက်ကွဲသေးသော ဗုံးများ တင်္နလာနေ့ နံနက်က တွေ့ရှိခဲ့ကြောင်း ရဲသတင်းရပ်ကွက်က ပြောသည်။

၄၆ လမ်းဆိုင်နှင့် ဇ၀နဆိုင်များတွင် အသေးစား ချိန်ကိုက်ဗုံးများ တွေ့ခြင်းဖြစ်ပြီး ဆိုင်လုံခြုံရေးများက သံသယဖြစ်သဖြင့် ရဲကို အကြောင်းကြားရာမှ သိမ်းဆည်းလိုက်နိုင်ခြင်း ဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။

သို့သော် စီးတီးမတ် နှစ်ဆိုင်မှ သက်ဆိုင်ရာ တာဝန်ရှိသူများကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ၄၆ လမ်းဆိုင်က ဗုံးတွေ့သည် ဆိုသောသတင်းအပေါ် သိရှိရမှု မရှိကြောင်းနှင့် ဇ၀နဆိုင်ကတော့ ရဲများ လေ့ကျင့်ရေး လုပ်ခြင်းသာ ဖြစ်သည်ဟု ကွဲပြားစွာ ဖြေကြားခဲ့သည်။

၄၆ လမ်းဆိုင်မှ တာဝန်ခံ အမျိုးသမီးတဦးက "ကျမ မနက် ၈း၃၀ နာရီကတည်းက ဆိုင်ရောက်နေတာ၊ ဘာမှ မဖြစ်ပါဘူး။ တခုခု ကြားတာလဲ မရှိပါဘူး" ဟု ပြောသည်။

သို့သော် ဇ၀နဆိုင်မှ ၀န်ထမ်းတဦးက " ရဲတွေက သူတို့ဘာသာ သူတို့စမ်းသပ်တာ၊ သူတို့ပစ္စည်း၊ ဗုံးပစ္စည်းတော့ မဟုတ်ဘူး။ သူတို့ဘာသာ သူတို့ထားပြီး သူတို့ လူတွေကို ရှာခိုင်းတာ" ဟု မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ရှင်းပြသည်။

မေလ ၂၀၀၅ ခုနှစ်က စီးတီးမတ် ဆိုင်တဆိုင် အပါအ၀င် ရန်ကုန်မြို့ လူစည်ကားသော နေရာ ၃ ခုတွင် တပြိုင်တည်းလိုလို ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားရာ လူ ၁၁ ဦး သေဆုံးခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/1719-2008-09-22-11-01-24.html

No comments:

Post a Comment