Pages

Wednesday, September 03, 2008

လက်ရှိမြန်မာ နိုင်ငံရေး အခြေနေ

လက်ရှိမြန်မာ နိုင်ငံရေး အခြေနေသည် ဒီမိုကရေစီ တိုက်ပွဲ အချိန် ကာလကြာမြင့် သောကြောင့် လည်းကောင်း မြန်မာနိုင်ငံ အနှံအပြား လုံခြုံရေးအဆမတန် တင်းကြပ်ထား သောကြောင့်လည်းကောင်း၊ ထိရောက်အောင်မြင်သည့်လှုပ်ရှားမူမျိုးဆောင်ရွက်ရန်အလွန် ခဲ ယဉ်း လျှက်ရှိပေသည်။

သို့ ပါသော်လည်းတစ်ဗိုလ်ကျ တစ်ဗိုလ်တက် တတပ်ပျက် တတပ်စု အဖျက် အရှုပ်မည်မျှပင် ရှိ့စေ အသက်သွေးချွေးဘ၀တွေ ပေးဆပ်သွားကျသည့်သူရဲကောင်းအာဇာနည် အပေါင်း၏ မပြီးဆုံးသေးသော ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များကို ရရှိ့သည့်အခြေနေအတွင်း မှ သမိုင်း ပေး တာဝန်ကို လက်ဆင့်ကမ်း၍အားစိုက်ကြိုးပန်းသယ်ဆောင်သွားရပြီးမှ မြန်မာနိုင်ငံ သားတိုင်း ၏ မဖြစ် မနေ ဆောင်ရွက်ရမည် တာဝန်တရပ်ဖြစ်ပေသည်။
ကျွန်ုပ်တို့ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း ကျရောက်ပြီးသည့် အချိန်မှစ၍ အခြားအထွေထွေ အကြပ် အတည်းများနှင့် အတူ ကုန်ဈေးနှုံး ကြီးမြှင့်မှု ပြဿနာမှာလည်း အဆိုးဝါးဆုံး ရင်ဆိုင်ကြုံတွေနေရသော အချိန်အခါ ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထု တရပ်လုံး ကုန်းဈေးနှုံး ကြီးမြှင့်၍ စားဝတ်နေရေး အကြပ်အတည်းး များကို ကူညီဆောင်ရွက်သည့် အနေဖြင့် စည်ပင်သာယာ မှ ၂၀၀၇/၂၀၀၈ လေလံရောင်းချ စဉ်ကသတ်မှတ် ထားသော ဈေးနှုံး စီးကမ်းများဖြင့် ပြန်လည်ရောင်းချ နိုင်စေရန် ၀ိုင်းဝန်ကူညီ ဆောင်ရွက် ကျရမည်ဖြစ့်ပေသည်။

စည်ပင်သာယာမှ ၂၀၀၇ / ၂၀၀၈ လေလံ ရောင်းချစဉ်က စီးကမ်းချက်များ ဈေးနှုံးများ နှင့် ကိုက်ညီမှု မရှိဘဲ လေလံရရှိထားသော လုပ်ငန်းရှင်များနှင့် အကျင့်ပျက် ၀န်ထမ်းအချို့မှ ဆောင်ရွက်နေ ခြင်းဖြစ်ပါသည်၊ သို့ဖြစ်ပါ၍ ၂၀၀ရ /၂၀၀၈ စည်ပင်သာယာ လေလံရောင်း ချစဉ်က သတ်မှတ်ထား သော စည်းကမ်း ဈေးနှုံးများနှင့် ပြန်လည်ဆောင်ရွက် နိုင်စေရန် မြန်မာ နိုင်ငံအနှံအပြား ရှိ တိုင်းနှင့် ပြည်နယ် အသီးသီးမှ ပြည်သူလူထု တရပ်လုံးမှ ဆန္ဒပြုလွှာ လက်မှတ်ရေးထိုး လှုပ်ရှားမှု ဆောင်ရွက်သင့် ပါသည်။

၂၀၀၇/ ၂၀၀၈ စည်ပင်သာယာမှ အခွန်နှုံးထားများ အဆမတန် တိုးမြှင့်ကောက်ခံ လိုက်သည်အတွက် မြေလတ်ရှိ ချောက်မြို့မှ စတင်ရ်ျ အခွန်ထမ်း ပြည်သူတို့၏ ဆန္ဒပြုလွှာ လက်မှတ်ထိုး လှုပ်ရှားဆောင်ရွက်ခဲ့ သည့်အတွက် စည်ပင်သာယာ အခွန်များနှင့် ပါတ်သက်၍ ဆိုင်ခန်းခွန်၊ ဘီးခွန်၊ အနှေှးယာဉ်၊ အိမ်ခွန်၊အညစ်ကြေးခွန် စသည့် အခွန်နှုံးထားများကို တနိုင်ငံလုံး လျှော့ချပေး ခဲ့သည့် အတွက် တမြို့နယ်လျှင် သိန်းတရာ ကျော် သက်သာ ခွင့်ရရှိ ခဲ့ပါသည်။

ယခုလက်ရှိဆောင်ရွက်သင့် သည်မှာလည်း လေလံကုန်သည် များမှ သိန်းထောင်နှင့် ချီ၍အဆမတန်ပေး လုပ်ငန်းလိုင်စင် အရယူကာ အကျင့်ပျက် ၀န်ထမ်းများနှင့် ပူးးပေါင်းကာ အသားလေလံများ ရောင်းချစဉ် က သတ်မှတ်ဈေးမှာ ၀က်သား တပိသာ လျှင်၂၀၀၀ ကျပ် သတ်မှတ် ထားပါသော် လည်း ၅၀၀၀ကျပ် ကျော်နေခြင်း၊ အမဲသား တပိသာ ၂၀၀၀ ကျပ်နှုံး သတ်မှတ်ထား ပါသော်လည်း ၅၅၀၀ ကျပ် ကျော်နေခြင်း၊ ဆိတ်သား တပိသာလျှင် ၂၅၀၀ ကျပ် သတ်မှတ်ထားပါသော်လည်း ၆၀၀၀ကျပ် ကျော်နေခြင်း၊ စသည်ဖြင့် ဈေးကောက်များ နှင့်တကွ ဘီးခွန်၊ ယာဉ်များ ညအိပ်ရပ်နားခွန်တို့ မှာလည်း သတ်မှတ်ထားသည့် ဈေးနှုံးများနှင့် ဆောင်ရွက်ခြင်းမရှိသည့် အတွက် ကုန်ဈေးနှုံး မြင့်မားရခြင်း၏ အကြောင်းရင်း တရပ် ဖြစ်ပေသည် သို့ပါသော်ကြောင့် သတ်မှတ်ထား သော်ဈေးနှုံးများ အတိုင်း ဆောင်ရွက်ရန်နှင့် လေလံစည်းကမ်းတွင် ချမှတ်ထားသည်အတိုင်း ကောက်ခံ၊ ရောင်းချရန် ဈေးနှုံးးများကို အများ မြင်သာသည့်နေရာများတွင် ချိတ်ဆွဲရန်တို့ကို ၀ိုင်းဝန်း လက်မှတ်ထိုး ၍ ဥပဒေ ဘောင်အတွင်းမှ တောင်းဆို လှုပ်ရှား ဆောင်ရွက်သင့် ပါသည်။ ထိုကဲ့သို့ လှုပ်ရှားဆောင်ရွက်ခြင်းဖြင့် တမြို့နယ်လျှင် သိန်းထောင်နှင့် ချီ၍ သက်သာခွင့်ရရှိမည် ဖြစ်ပါသော်ကြောင့် မြန်မာနိုင်ငံသားအပေါင်းမှပူပေါင်းကူညီ ၀ိုင်းဝန်း ဆောင်ရွက် ကြပါရန် တိုက်တွန်း နိုး ဆော်အပ်ပါ သည်။
အိုးဝေ

No comments:

Post a Comment