Pages

Thursday, September 18, 2008

အမဲရောင်အဆိုးခံရလည်း..ဆက်လက်ရွန်းပနေဆဲရွှေဝါရောင်။


အော်..နွေ မိုးဆောင်း..
ပြောင်းတလီ
နှစ်ဟောင်း ရက်စွဲတစ်နှစ်
သိပ်မကြာ ဖြစ်သလိုဘဲ..

ပြုသူမှာ အသစ်..
ဖြစ်သူကအဟောင်း..
ဘုန်းကြီး သွေးစီးကြောင်းတွေ..
ခုထိ မြန်မာ့ ရင်ထဲရှိနေဆဲ။
မေ့ဖျောက်ရမလား..အနိဌာရုံနေ့ 
မေတ္တာကို..သေနတ်ယမ်းနဲ့ သတ်တဲ့နေ့ 
ရွှေဝါရောင်တော်လှန်ရေး..သမိုင်းမှာမမေ့။
ဗုဒ္ဓသာသာ အရောင်မဲ လွှမ်းခဲ့တာ လက်တွေ့ ။

ချောင်းပေါ်က..ပုပ်လို့ ပေါ်တဲ့ ကိုယ်တော်..
စိတ်ယုတ်ညစ်..ဟုတ်လို့ ကျော်တဲ့ စစ်အစိုးရ..
ကမ္ဘာက သိကြ..
ခုထိ အရှက်မရှိကြဘူး။

အော်..သာသနာဟာ
ဗမာပြည်နဲ့ အိုးစားကွဲပါပေါ့
ဒီရန်စမီး..ပြာပူလိုအုံးနေခဲ့တော့…
တနေ့  မီးခိုးအူတာ ပျောက်..
မီးဟုန်းဟုန်း တဖန် ပြန်တောက်ရမည်.။
ထစ်ချုန်းမိုး တဖန် ရွာသွန်းရမည်.။
ဗမာမှန်ရင်..ရဲစိတ်မာန်ရှိမှ
ဗုဒ္ဓဘာသာ..ရောင်ဝါထွန်းစေကြ
ဒေါင်းအလံနီ..သွေးစွန်းစမ်းပစေ။

အမျိုးဘာသာ..သာသနာ..
ဗမာမှန်ရင်..အသက်ကိုစွန့် ကြစို့ ။
သစ်ခေါင်းအောင်းမြွေများသည်..
အရေးညီ..ညီညာပေါက်ကြစို့ ။
လုပ်သားပျားပီပီ..အသေခံ..ရန်သူကို တုတ်ကြစို့ ။
ရရာလက်နက် ကိုင်ဆွဲ..တော်လှန်ကြပါစို့ ။

မြန်မာ့ သမိုင်းကြောင်း တစေ့တစောင်း..
ရှိနေတဲ့ ဘိုးဘွားမြေ တလက်မ..
ဘိုးဘွားရဲ့သွေးစက်ပေါင်းများစွာ..ရင်းနှီးထားရ..
ဒို့ သွေးတွေ အပေါ်ကထပ်..
ဒို့  မြေးမြစ်တွေ.လွတ်လပ်ဖို့ 
သင် ဘာတွေ တွေဝေနေလည်း..
သင် ဘာကြောက်နေသလည်း။

ကြောက်တတ်တဲ့သူ ကျွန်လုပ်.
အရိုးစုတ်.လူအလာဟောင်
ကျုပ်တို့ အဟောင်းစား ခွေးတစ်ကောင်မဟုတ်ဘူး။
ရာဇ၀င် အဆက်ဆက်
ဓါးထက်ထက်နဲ့ ဗမာ..
သခင်မျိုးဟေ့ ဒို့ ဗမာ။
ဝံသာနု အရေး တိုက်ရဲတဲ့ ဒို့ ဗမာ။
ဝံ့ကြွား အစဉ်အလာ.

ကဲ ပြောနေကြာတယ် သူငယ်ချင်း
လာလေ..ပေးလက်..
ဆုတ်ကိုင်..အရှေ့တက်ခဲ့စမ်း
အမိမြေ လွတ်လပ်ရေးအတွက်
ကြိုးပမ်းရာ ပန်းတိုင်လမ်း.
သွေးခင်းလမ်း..ဆူးပြွမ်းလမ်း.
ငရဲလမ်း..ကန္တာရကြမ်း
မလျှော့တမ်း..ဒို့ လှမ်းကြမည်။

ဗမာမှန်ရင် ဗျတ္တိရှိ..
မတုန်လှုပ်ဘူး ပကတိ.
ယုံကြည်ချက် သမာဓိ.
ဗမာ့သွေးကတိ..ကမ္ဘာကသိရမည်။
ဒို့ မြေ ဒို့ ပိုင်ရမည်။

မပြီးတဲ့ ရွှေဝါရောင် တော်လှန်ရေး..
တာဝန်ကျပြီ သမိုင်းပေး
ဒို့ သွေးနဲ့ ဆက်ရေးဖို့ 
လာလေ…ဆက်တိုက်စို့ ။

မသဒ္ဓါ (၉။၁ရ။၂၀၀၈)
တနှစ်ပြည့် ရွှေဝါရောင် တော်လှန်ရေးသို့ ..သွေးတစက်ဘဲကျန်ကျန်..ဒို့ တွန်းလှန်မည်။

No comments:

Post a Comment