Pages

Friday, June 06, 2008

စွန့် လွတ်တရားဖြင့် ပေးကမ်းစေတနာ

cbox ကသတင်းလေးပါ။
သံဃာ့ဂုဏ်ရည်အပေါ် ကြက်သီးမွေးညင်းထ..ဂုဏ်ယူရလို့  ဖေါက်သည်ချပါတယ်..သာဓု သာဓု သာဓုပါ

Aung:
ဒီနေ့အားလုံးအတွက်သတင်းကောင်းမဟုတ်တောင် လေဘေးသင့် ပြည်သူ တွေ နဲ့ပတ်သက်တဲ့သ တင်းကောင်းလေးပြောပါ့မယ် ရန်ကုန်မြို့ ကမ်းနားလမ်း ကြည့်မြင့်တိုင် ရှိ ရွှေည၀ါ ဆရာ တော်ကြီးနှင့် ဆရာ တော်များ တပည့်များဟာ သဘောင်္လေးစင်းဖြင့် ဘိုကလေးမြို့နယ်အတွင်းက လေဘေးသင့် ပြည်သူတွေ အစာ ရရှိရေး ရေရရှိရေးအတွက်လှည့်လည် ကယ်ဆယ်ရေးလုပ်ဆောင်နေပါပြီ လေဘေး သင့်ခဲ့တဲ့နေ့ကလည်း ဆရာတော့်ကျောင်းက ရဟန်း ၇၀၀ ကျော်ဟာ ရှိသမျှ ၀တ္တုငွေ စောင် အိပ်ယာခင်း ခေါင်းအုံး အားလုံးကို လေဘေးသင့်ပြည်သူတွေအတွက် စွန့်ကျခဲ့ကြပါတယ်။ ဆရာတော်တွေ ကိုယ် တိုင်ကတော့ ကိုယ်တိုင်ကတော့ စာအုပ်ခေါင်းအုံး၊ သင်္ကန်းခြုံအိပ်နေကြတာပါ ဆရာ တော်ကိုယ်တိုင်ရှင်းပြတာကို ပြန်လည် ဖေါက်သည်ချခြင်းဖြစ်ပါတယ်။ ဆရာတော် ဟာလေးရက်ကြာ ခရီးထွက်သွားတာပါ။

No comments:

Post a Comment