Pages

Tuesday, May 06, 2008

ပြည်သူများအတွက်..အရပ်က ၀ိုင်းတဲ့မေတ္တာ..သာဓုပါဗျာ

နအဖ က..သေသူ ဦးရေ ၃၀၀ ပြရာကနေ. ၃၀၀၀ ကျော်
၃၀၀၀ ကနေ တစ်သောင်းကျော်..
တစ်သောင်းကနေ..ပင်လယ်ဝမှ ထပ်ထပ် ပေါ်လာနေတဲ့ အလောင်းပေါင်းများစွာ...ရွာလုံးကျွတ် မျိးပြုတ်ပြုန်းသွားတဲ့မိသားစုတွေ
သုံးသောင်းကျော် လေးသောင်းလောက်ရှိမဲ့ သေဆုံး ပျောက်ဆုံးသူတွေ..
ရေစိုကြွက်ကလေးတွေလို အိုးမဲ့ အိမ်မဲ့ စားရမဲ့မိသားစုတွေ..
နောက်ဆက်တွဲ ဖြစ်လာမဲ့ ကူးစက်ရောဂါဆိုးတွေ..
တိုင်းပြည်ကို ပြည်သူကို နအဖ မထိမ်းသိမ်း မစောင့်လျှောက်နိုင်တော့ပါ။
ပြည်ပ ကုလနဲ့ အခြား စေတနာရှင် နိုင်ငံခြားအကုတွေ လက်ခံလိုက်ရပါပြီ။
အိန္ဒိယက ရေတပ်မတော်က သင်္ဘောကြီး ၂စီး၊
ထိုင်းက ကယ်ဆယ်ရေးပစ္စည်းတွေ သယ်လာသောလေယာဉ်
ဒီနေ့ မှာ ရန်ကုန်ကိုရောက်ပါ မယ်။
နောက်ထပ် ကယ်ဆယ်ရေးပစ္စည်း တွေလည်း ဆက်တိုက်ဝင် လာတော့မှာပါ။ အမေရိကန်က ရိက္ခာအပြည့် လေယာဉ် သင်္ဘောတွေ အနီးကပ် အဆင့်သင့်စောင့်နေသလို ၊
အန္ဒိယကလည်း ထပ်ပြီးတော့ထွက်လာနေကြတယ်။ အဖေ အရင်းအငတ်ထားပေမဲ့ အပြင်လူမကြည့်နိုင်ဘူလေ.။ ဘယ်သူ ပိုလူသားဆန်တယ်..အရှင်းကြီး ခင်ဗျ။
အစောပိုင်းကတည်းက နိုင်ငံတကာ လက်ခံလိုက်ရင်..ရေကြီးနေလို့  အိမ်မြောပြီး သစ်ပင်ပေါ်တက်နေရတဲ့ သူတွေ အသက်ရှင်ဦးမှာပါ။
ရေကြီးတော့ မြွေ နဲ့အတူတူ ကင်းတွေနဲ့အတူတူ သစ်ပင်ပေါ် ခိုနေရတဲ့ လူတွေ မြွေထိ သေတဲ့ဘေးကနေ ကယ်နိုင်ပါတယ်။
ကယ်သူဝေး..ရေပင်လယ်ပြင်ဝိုင်း နေတဲ့သူတွေ ရဲ့ အသက်လေးတွေ..ကယ်မပေးသင့်ဘူးလား..ဗျာ.
ဦးသန်းရွှေ သေမှာကြောက်သလို...ရေဘေးထဲက လူတွေလည်းသေမှာကြောက်တာပါဘဲ..
ကိုယ်ချင်းလေးဘဲ ရိုးရိုးကလေး စာကြည့်ပေးပါ။

No comments:

Post a Comment